ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုသုံးစုတွင် ညမထွက်ရ အမိန့်ကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနက သက်တမ်းတိုးထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။စက်တင်ဘာ ၃ ရက်က စတင် ကာ ဖက်လိပ်၊ သိမ်တောင်နှင့် ချွတ်ပြင်ကျေးရွာအုပ်စုတို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာ ပဲဖြစ်ပါတယ် ။ ယင်းကျေးရွာအုပ်စု များကို ဇန်နဝါရီ ၃ ရက်မှ နောက်ထပ်နှစ်လအထိ သက်တမ်းတိုးမြှင့်ထုတ်ပြန်ခဲ့ တာဖြစ် တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင်သတင်းထုတ်ပြန်ခဲ့တာ ပဲဖြစ်ပါတယ်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်များနှင့် အဲ့ဒီနောက်ပိုင်းတွင် ဖက်လိပ်၊ သိမ် တောင်နှင့် ချွတ်ပြင်ကျေးရွာအုပ်စု များတွင် ညမထွက်ရအမိန့်ကိုထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက်သမားတစ်ချို့ဟာ ၎င်းဒေသခံ ပြည်သူများရဲ့ နေအိမ်များကို မီးရှို့ခြင်း၊ ကျေး ရွာ မီးရှို့ထွက် ပြေးခြင်းများ ပြုလုပ်ခဲ့တာကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရ သည်ဟု ထုတ်ပြန်ချက်တွင် ရေး သားထား တာပဲဖြစ်ပါတယ်။ 

သက်တမ်းတိုးထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိဖြစ်တယ်လို့ ရသေ့တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်စာတွင် ဖော်ပြထားတာပဲဖြစ်ပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ တဲ့ မောင်တောနှင့် ဘူးသီး တောင်မြို့နယ်များတွင်လည်း ညမ ထွက်ရ အမိန့်နောက်ထပ်နှစ်လ တိုးမြှင့်သည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်က ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - မောင်ကံ (7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။