ရုပ်ရှင်သရုပ်ဆောင် မင်းသား ခန့်စည်သူ ဦးဆောင်တဲ့ ဦးဆောင်သောမေတ္တာသင်္ဂဟ အဖွဲ့ဟာ ကျောက်ကပ်အစားထ်ိုး ရန်ပုံငွေအဖွဲ့ မန္တလေးကို ကျပ် သိန်း ၈၀ ကျော်လှူဒါန်းခဲ့တယ်လို့ Eleven Media ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

နာမည်ကျော်ရုပ်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ ခန့်စည်သူဟာ အလှုအတန်းနဲ့ပတ်သက်ရင် ဘွဲ့တွေလည်း ရရှိထားသူဖြစ်ပြီး ပရဟိတလုပ်ရာမှာလည်း စိတ်အားထက်သန်သူဖြစ်ပါတယ်။

ဇန်နဝါရီလ(၅)ရက်နေ့က သရုပ်ဆောင်ခန့်စည်သူ ဦးဆောင်ပါဝင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ဟာ မန္တလေးဆေးရုံကြီး ၊ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ဌာနနှင့် ဆီးနှင့်ကျောက်ကပ်ဆေးကုဌာနတို့ပူးပေါင်းဖွဲ့စည်းထားတဲ့ ကျောက်ကပ်အစားထိုးရန်ပုံငွေအဖွဲ့ကို အလှူငွေကျပ် သိန်း ၈၀ လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အနုပညာလောကရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ ခန့်စည်သူကတော့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်ပီပီ သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိအောင်သဏ္ဍန်လုပ်သရုပ်တူသူဖြစ်တာကြောင့်လည်း ပရိသတ်အခိုင်အမာရရှိထားတာပါ။

ပျော်ပျော်နေတတ်တဲ့ ကိုခန့်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးထားရပြီး ဇာတ်ရုပ်စုံလင်စွာသရုပ်ဆောင်ဖူးသူဖြစ်ပါတယ်။ လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ သူပါ၀င်သရုပ်ဆောင်ထားတဲ့ ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်လျက်ရှိပြီး ပရိသတ်အကြိုက်တွေ့နေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ 

ငွေကြေးချမ်းသာပြီး အလှုအတန်းတွေဆက်တိုက်လုပ်ဖြစ်တဲ့ ခန့်စည်သူ ကတော့ အခုလို ငွေကျပ်သိန်း(၈၀)ကျော်လှုဒါန်းမှုအတွက်လည်း မေတ္တာသင်္ဂဟအဖွဲ့နဲ့အတူ ကုသိုလ်တွေအများကြီးရဦးမှာပါပဲ။

ပရိသတ်ကြီးသာဓု ခေါ်လိုက်ပါဦးနော်။  

Source : Kyawsowin.eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။