သမီးအရင်းအား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်ဖခင် ထောင်ဒဏ်နှစ်နှစ်ဆယ် ချမှတ်ခံရ

့အခုတလောပိုင်းမှာ မုဒိမ်းမှုတွေဖြစ်နေတာ အားလုံးလည်း သတိထားမိကြမှာပါ။ စစ်တမ်းများအရ မြန်မာနိုင်ငံမှာ ၁၀ လအတွင်း မုဒိမ်းမှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သုံးရက်တစ်မှုနှုန်းခန့်ရှိနေတယ်လို့ သိရပါတယ်။ မုဒိမ်းပြုကျင့်ခံရသူများထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေကို ပြုကျင့်တဲ့ သက်ငယ်မုဒိမ်းမှုတွေလည်း ပါဝင်နေပါတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သတ်လို့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူလုထုက တောင်းဆိုဆောင်ရွက်နေကြပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ ထဲမှာမှ ဖခင်အရင်းက ကိုယ့်သမီးကို အဓမ္မပြုကျင့်တာဟာ တော်တော်စက်ဆုပ်ရွံရှာဖွယ်ပါ။ ဟိုတလောက အပြာကားကြည့်ပြီး မိမိသမီးကို မုဒိမ်းကျင့်ခဲ့တဲ့သတင်းဟာ ပြည်သူလူထုကို ဒေါသထွက်စေခဲ့ပါတယ်။ ဒါ့ကြောင့် သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးဖို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး အပြင်းအထန်တောင်းဆိုခဲ့ကြပါတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး တရားရုံးက အမိန့်ချမှတ်လိုက်ပါပြီ။ သတင်းများအရ ပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Source: DVN News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။