မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပြိုင်ပွဲ တတိယအဆင့်မှာ နော်တင်ဟမ်ဖောရက် အသင်းဟာ အာဆင်နယ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ယခု ရှုံးပွဲကြောင့် FA ဖလားပြိုင်ပွဲ တတိယအဆင့် ကနေ လက်ပြခဲ့ရပြီလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ နောက်တန်းကစားသမားတွေ လူကပ်ပုံမသေသပ်ခဲ့တာကြောင့် ခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကလော့၊ ဘရီရီတန်၊ ဒိုဝဲလ်၊ မက်သီကတ်၊ အောစဘွန်၊ ဗော့ဟန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဝဲဘတ်၊ အီဝိုဘီ၊ ဝဲဘတ်၊ နေလ်း၊ အယ်နီနီ၊ ဝဲလ်လော့ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက် အသင်းအတွက် အဖွင့်ဂိုးကိုတော့ မိနစ် ၂၀ မှာ လိုင်ချက် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃ မိနစ်အကြာမှာပဲ မာတီဆက်ကာက အာဆင်နယ်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။၄၄ မိနစ်မှာတော့ လိုင်ချက်ကပဲ နော်တင်ဟမ်ဖောရက်အသင်းအတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။၆၄ မိနစ်မှာ နော်တင်ဟမ်ဖောရက်အသင်း ပယ်နယ်တီရရှိခဲ့ပြီး ဒီဂိုးကို ဘရီရီတန်က တတိယအဖြစ် ပြောင်းလဲပေးခဲ့တာလည်းဖြစ်ပါတယ်။၇၉ မိနစ်မှာတော့ အာဆင်နယ်အသင်းရဲ့ ဒုတိယချေပဂိုး အဖြစ် ဝဲဘတ် ကသွင်းယူပေးခဲ့ပါတယ်။နော်တင်ဟမ်ဖောရက်အသင်းအတွက် လေးဂိုးမြောက်ဂိုးကိုတော့ ၈၅ မိနစ် မှာ ဒိုဝဲလ် ကပယ်နယ်တီကနေတဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။