ရဲယိုပင်ကိုသိကြပါတယ်နော်။ ရဲယိုသီး၊ ရဲယိုရွက်တွေကအစွမ်းထက်တဲ့ဆေးစွမ်းကောင်းတွေ ဆိုတာသိကြ တယ်မလား။ မြန်မာနိုင်ငံသာမက အာရှနိုင်ငံတွေနှင့် အပူပိုင်းပစိဖိတ်ကျွန်းနိုင်ငံတွေမှာ ဟင်းလျာနှင့် ဆေးဝါဖော်စပ်ရာတွင် အလွန်အသုံးဝင်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တိုင်းရင် ဆေးသမားတော်တွေ အားထားရတဲ့ ဆေးပင်အမျိုးအစားဖြစ်ပါတယ်။ ကလေးသွေးဝမ်းသွားခြင်းအတွက် ရဲယိုရွက်ကျကျပြုတ်ရည်ကို မုန်ညင်းဆီတစ်စက်လောက်ထည့်ပြီး ဇွန်းကြီးတစ်ဇွန်း တစ်နေ့ကို ၃-၄ကြိမ် တိုက်ပေးပါ ။သက်သာပျေက်ကင်းနိုင်ပါတယ်။လေးဘက်နာ၊ အကြောထုံး၊အကြောတင်၊ အဆစ်ရောင် ဝေဒနာတွေအတွက် အရွက်ကိုကြိတ်ညှစ်ပြီး သတ္တုရည်နဲ့ လိမ်းနယ်ပေးပါနော်။ သက်သာစေပါတယ်။ သွားဖုံးရောင်ခြင်း၊ တွေအတွက် အသီးနုကိုဆားနှင့်ရောကြိတ်ပြီး သွားခြေရင်းမှာအုံပေးပါ ပျေက်ကင်းနိုင် ပါတယ်။ပြည်တည်နာတွေ အတွက်ရဲယိုရွက်ကိုကြိတ်ပြီး အနာပေါ်တွင်တစ်နေ့ (၂) ကြိမ်အုံပေးပါ၊ အနာစိမ်း၊အနာဟောင်းတို့အတွက် ရဲယိုသီးခြောက်မှုန့်ကို အုံပေးရင်လည်းသက်သာ ပျေက်ကင်းစေပါ တယ်။

ဝမ်းဖော၊ဝမ်းရောင်၊ ဝမ်းပျက်ဖြစ်နေသူတွေအတွက် ရဲယိုသီးမှည့်ကို ထန်းလျက်နှင့်ခေါက်ပြီးထားပြီး မနက် မှစားပေးပါ၊ ကြို့ထိုးခြင်းမရပ်လျှင်လည်း ဒီနည်းအတိုင်းလုပ်နိုင်ပါတယ်။သက်သာစေနိုင်ပါတယ်။မီယပ်မမှန် တဲ့သူတွေအတွက် ရဲယိုသီးကိုထန်းလျက်နှင့်ခေါက်ပြီး ဓမ္မတာမလာမီ ကြိုတင်စားပေးပါနော်။ဓမ္မတာလာစဉ် အတွင်းခံစားရတဲ့ ကိုက်ခဲခြင်းဝေဒနာတွေကို ယူပစ်သလိုပျေက်ကင်းနိုင်ပါတယ်။ မီးယပ်သွေးလွန်ခြင်း အတွက်လည်း ရဲယ်ုိရွက်ကို ဒန့်သလွန်ရွက်နှင့် ဟင်းခါးကျိုသောက်ပါက သက်သာနိုင်ပါတယ်။ အမျိုးသမီး တွေအနေနဲ့ ဆံပင်ဗောက်ထခြင်းကို ကာကွယ်ဖို့ ရဲယိုသီးမှည့်အရည်ကို ဆံပင်အားလိမ်းပေးပါ။ ပြီးမှတစ်ရောာ်ကင်ပွန်း နဲ့လျော်ပေးပါ။ ပျေက်ကင်းသွားပါလိမ့်မယ်။ ရဲယိုရွက်သတ္တုရည်ကို တစ်နေ့ (၃) ကြိမ် အစားနှင့်ဝေးဝေး တိုက် ကျွေးပေးပါက သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်းတို့ကို သက်သာစေပါတယ်။ ရဲယိုအမြစ်ကို ရေဖြင့်သွေးပြီး ညောင်းညာကိုက်ခဲခြင်းတွေအတွက် လိမ်းပေးနိုင်ပါတယ်။ နှာခေါင်းသွေးလျှံ နေသူတွေအတွက် ရဲယိုရွက်ကို ပြုတ်ပြီးသုပ်စားနိုင်ပါတယ်။

ပြီးတော့မိခင်လောင်းတွေအတွက် နို့ချောင်းပိတ်ခြင်းအတွက် လည်းစားသုံးနိုင်ပါတယ်။ အထက်လှန် အောက်လျောဖြစ်နေသူတွေအတွက် ရဲယိုရွက်ကို ငါးမြွေထိုးနှင့် ပြုတ်၍စားပေးပါက သက်သာပျောက်ကင်း နိုင်ပါတယ်။လေငန်း ရောဂါအတွက် ငါးရံသားနှင့် ဖက်ထုတ်လုပ်၍ စားသုံးနိုင်ပါတယ်။အဆုတ်ဝေဒနာ TB ရောဂါအတွက် ရဲယိုသီးအရည်ကိုဇွန်းတစ်ဇွန်း တစ်နေ့ ၃ ကြိမ် တိုက်ကျွေးရပါမယ်နော်။ ခေါင်းအုံး၊ ခေါင်းကိုက်တဲ့သူတွေအတွက် ရဲယိုရွက်ပြုတ်ရည်ကိုရေချိုးပေးခြင်းဖြင့် ပျေက်ကင်းနို်င်ပါတယ်။ ကဲရဲယိုသီး ကဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိပြီးဖြစ်တာမို့ ၊လို်က်နာဆောင်ရွက်စေချင်ပါတယ်။ အားလုံးပဲ ကျန်းမာကြပါစေနော်။

Source : စိုးမြင့်ဒွဏ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။