မော်ဒန်အောင်လေးနှင့် Missမလေးဟန်လေးတို့ရဲ့အချစ်ရေးဟာ ပရိတ်သတ်တွေအကုန်သိနှင့်ပြီးဖြစ်ကြမှာပါ။

သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ Romaticဆန်ဆန်နဲ့ လူငယ်စုံတွဲတွေကြား အားကျစရာကောင်းတဲ့ Relationship တစ်ခုပိုင်ဆိုင်ထားကြပါတယ်။

ဟန်လေး Miss ၀င်ပြိုင်ပြီးမကြာခင်မှာဘဲ သူတို့နှစ်ဦးရဲ့အချစ်ရေးကို ပရိတ်သတ်တွေအရှေက Officialချပြခဲ့ကြပါတယ်။ အောင်မြင်ကြော်ကြားတဲ့ အနုပညာရှင်ထဲ ကျော်ကြားတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။

နှစ်ဦးလုံးဟာ အောင်မြင်တဲ့လူငယ်လေးတွေဖြစ်ကြပေမယ့် တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိရှိနဲ့ချစ်ခင်ခဲ့ကြတာ အခုဆိုရင် (၂)နှစ်ကျော်ကြာရှည်ခိုင်မြဲတဲ့ Relationship တစ်ခုတည်ဆောက်ထားနိုင်ပြီးဖြစ်ပါတယ်။

အောင်လေးနဲ့ ဟန်လေးတို့နှစ်ဦးရဲ့အချစ်ရေးဟာ (၇.၁.၂၀၁၈)နေ့မှာ (၂)နှစ်နဲ့ (၅)လပြည့်ကျရောက်ခဲ့ပါတယ်။ သူတို့ရဲ့ Anniversaryလေးမှာတော့ သူတို့နှစ်ဦး Restaurantတစ်ခုမှာ Dinnerစားပြီး သူတို့ရဲ့လက်မှာထိုးထားတဲ့ ဆင်တူတက်တူးလေးကို ၀ိုင်ဖန်ခွက်လေးတွေနှင့်အတူ အမှတ်တရဓာတ်ပုံလေးရိုက်တင်ထားပါတယ်။ 

ချစ်စရာစုံတွဲလေးဖြစ်တဲ့ အောင်လေးနဲ့ဟန်လေးတို့ရယ် နောက်များစွာသော Anniversaryများမှာလည်း ပျော်ပျော်ရွှင်ရွှင် အမှတ်တရများစွာနဲ့ဖြတ်သန်းနိုင်ကြပါစေ။ ဘဝရဲ့ ရည်မှန်းချက်တွေလည်း အမြန်ဆုံးပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။  

source-နန်းရွှေအေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။