စိုးသူနဲ့ မွေးနေ့တူတဲ့ ပြေတီဦး နဲ့ ဇွဲပြည့်

သရုုပ်ဆောင် အကယ်ဒမီ ပြေတီဦး ရဲ့ မွေးနေ့ပွဲ နှင့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်းမှ ကျောင်းသား/သူ များ တွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာလ (၃၀) ရက်နေ့က ရန်ကုန်၊ Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီ မွေးနေ့ပွဲ ပာာ သူ့ရဲ့ ၃၈နှစ်ပြည့်မွေးနေ့ ပဲဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၃၀) ရက်နေ့မှာပဲ သရုပ်ဆောင် နှင့် အဆိုတော် စိုးသူ ရဲ့မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။

ထို့အတူ အဆိုတော် နှင့် သရုပ်ဆောင် ဇွဲပြည့်မှ အသက် (၂၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အလှူ အဖြစ် နိုဝင်ဘာလ (၃၀) ရက်နေ့က ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း (ရွာသာကြီး) စိတ်ကျန်းမာရေးဆေးရုံကြီးရှိ စိတ်ကျန်းမာရေးဝေဒနာရှင် (၁၆၀၀) ကျော်အတွက် နံနက်စာ ၊ နေ့လည်စာ ၊ ညစာ တို့ကို ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကဲ သူတို့ သုံးယောက်အတွက် မွေးနေ့ဆုတောင်းပေးကြရအောင်နော် ပရိသတ်ကြီး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။