ဝါရင့်အနုပညာရှင်ကြီးမာျးနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကို အဓိကအဖြစ် ခန့်စည်သူ၊ မင်းမော်ကွန်း၊နေမျိုးအောင်၊ ရွှေမင်းသမီး၊ အိချောပိုနှင့် ဒိန်ဒေါင်နှင့်အခြားအနုပညာရှင်များစွာလည်းပါဝင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းပြီး စကားလုံးအမိုက်စားတွေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ပုံစံအတိုင်းရိုက်ကူးထားတာလဲ ဖြစ်ပါတယ်။

သုံးရောင်ခြယ် ဇာတ်ကားမှာ သုံးရောင်ခြယ်ခံထားရတဲ့ အမျိုးသမီးတစ်ချို့ရဲ့ ဘဝအကြောင်းကို ဖော်ညွန်းထားတာပဲဖြစ်ပါတယ်။ အဆိုပါဇာတ်ကားတွင် စကားလုံးအလန်းစားများကို သုံးနှုန်းထားပါတယ်။ယင်းဇာတ်ကားထဲမှ ဗီလိန် မင်းမော်ကွန်ရဲ့ စကား "အဲ့ကောင်မတွေကို ခေါ်သွား....ရေးချိုးပြီး သုံးရောင်ခြယ်ခိုင်းလိုက်" ၊ ခန့်စည်သူရဲ့ စကား"ဒီနွံထဲကရုံးထွက်နိုင်ဖို့ အတွက် ကိုကမ်းတဲ့လက်တစ်စုံကို ရဲရဲဝံ့ဝံ့ ဆုတ်ကိုင်လိုက်စမ်းပါ"၊ ပြည့်တန်ဆာအဖြင့် သရုပ်ဆောင်တဲ့ အိချောပိုရဲ့ စကား" ဒီနေ့တစ်နေကုန် Non Stop အလုပ်ဝင်နေတာ ရှင်တစ်ယောက်ထဲနဲ့ ပြိုင်းသွားရင် ကျမပြာသွားမှာပေါ့၊ နောက် ပြည့်တန်ဆာအဖြစသရုပ်ဆောင်တဲ့ ရွှေမင်းသမီရဲ့စကား"မင်္ဂလာပါလို့ တော့လာမနှုတ်ဆက်နဲ့နော် ကျွန်မလုပ်တဲ့ အလုပ်က မင်္ဂလာမရှိဘူး" စတဲ့စကားလုံးများလည်း ပါဝင်ထားပါတယ်။

ပရိသတ်ကြီးအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်လာမယ့် သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။ လာမည့် ၁၂ ရက်နေ့မှာ တစ်ပြည်လုံးပြသတော့မှာဖြစ်သောကြောင့် ကြေငြာဗီဒီယိုလေးနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Source - သုံးရောင်ခြယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။