“အတိတ်ဆိုတာ ကျန်ခဲ့တဲ့အရာ ပါပဲ

ရှေ့ဆက်ဖို့ အများကြီး ကျန်နေသေးတဲ့အတွက်

အတိတ် ကို နောက်မှာထားခဲ့ပါတယ် byebye 2017” ဆိုပြီး အဆိုတော်ပိုပိုတစ်ယောက် စိတ်အပန်းဖြေဖို့ရာ ငွေဆောင်ကိုရောက်နေပါတယ်။ အဆိုတော် ပိုပိုဟာ သူမရဲ့ထူးခြားတဲ့အသံနဲ့ သူမရဲ့လက်ပေါ်မှာထိုးထားတဲ့ ဂီတသင်္ကေတပုံ တက်တူးလေးတွေကြောင့်လည်း အများအမြင်တစ်မှုထူးပြီး အောင်မြင်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။

Free Styleလေးနဲ့ ကမ်းခြေမှာရိုက်ထားတဲ့ သူမရဲ့ဓာတ်ပုံလေးတွေဟာဆိုရင်ဖြင့် မြင်ရတဲ့သူတိုင်း သူမရဲ့လွတ်လပ်ပျော်ရွှင်နေတာလေးတွေ ကူးစက်ခံစားစေနိုင်မှာဖြစ်ပါတယ်။ အဆိုမလေးပိုပိုဟာ အသံပါရမီကောင်းရုံမက ခိုင်မာတဲ့စိတ်ဓာတ်ရှိတဲ့ မိန်းကလေးတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ လူတွေအကုန်အံံ့သြသင့်လောက်တဲ့အထိ ကိုအလေးချိန်လျော့ချနိုင်ခဲ့တဲ့ အနုပညာရှင်တွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။

“ကိုယ်ပြန်တွေးတိုင်း ပျော်ရွှင်စရာ ကောင်းတဲ့ အတိတ် နဲ့

ကိုယ် သတိရမိတိုင်း နောင်တတွေ ရော စိတ်ရှုပ်စရာတွေရော စိတ်ညစ်စရာတွေရော ပေးတဲ့ အတိတ် ၂မျိူးထဲမှာ

ကျမကတော့ စိတ်ရှုပ်မခံနိုင်လို့ ပျော်စရာ အတိတ် ကောင်းတဲ့ အတိတ်ကိုပဲ တွေးတယ် .. ကိုယ့်စိတ်ကို ညစ်စေမဲ့အရာတွေဆို မနေ့က အဖြစ်ပျက်ကိုတောင် မေ့ပစ်လိုက်တယ်” ဆိုပြီးတော့လည်း ရေးထားပါသေးတယ်။ အတိတ်ဆိုရာပြန်ပြုပြင်မရတော့တဲ့အရာတစ်ခုမို့ ခေါင်းရှုပ်ခံစဉ်းစားမနေပါနဲ့တော့ ပိုပိုရေ။

စိတ်ညစ်စရာတွေ ခေါင်းရှုပ်စရာတွေကို မုန်းတဲ့ အဆိုတော်မလေးပိုပိုတစ်ယောက် ယခု(၂၀၁၈)နှစ်စပိုင်းကနေ နောင်နှစ်ပေါင်းများစွာတိုင်အောင်ပျော််ရွှင်စိတ်ချမ်းသာမှုတွေအပြည့်နဲ့ ဘဝကိုအကောင်းဆုံး ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးရင်း ပိုပိုရဲ့ချစ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

source- ၀တ္ရည္မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။