တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ Lee Hyun Woo ကတော့ မကြာခင် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

မင်းသားချော Lee Hyun Woo က သူဟာ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဖို့ကို စာရင်းပေးသွင်းသွားပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်..။

Lee Hyun Woo ရဲ့ အေဂျင်စီကလည်း သူစစ်မှုထမ်းတာဝန်ကို ထမ်းဆောင်တော့မယ့်အကြောင်းကို ဇန်နဝါရီ(၇)ရက်နေ့ကက အတည်ပြုပြောကြားခဲ့ပါတယ်..။

သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ Content Y က “Lee Hyun Woo ဟာ သူ့ရဲ့ စစ်မှုထမ်းဖို့ မူကြမ်းကို စောင့်နေခဲ့ပြီး စစ်မှုထမ်းဖို့ စာရင်းပေးခဲ့တာပါ.. အချိန်ဇယား အသေးစိတ်ကိုတော့ သူကိုယ်တိုင် ပရိသတ်တွေကို အသိပေးပြောပြသွားမှာပါ..” ဆိုပြီး ဖြေကြားခဲ့ပါတယ်..။

Lee Hyun Woo ရဲ့ အေဂျင်စီကပဲ “သူဟာ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ပြီးရင် သရုပ်ဆောင်အလုပ်ကိုပဲ ဆက်ပြီး လုပ်ဆောင်သွားမှာပါ.. စစ်မှုထမ်းတာဝန်ကိုလည်း လုံ့လရှိရှိ သိတတ် တာဝန်ကျေပွန်ပြီး ပြည့်စုံစွာ အပြီးသတ်နိုင်ဖို့ Fan တွေက သူ့ကို ဆုတောင်းပေးနိုင်မလား..” လို့လည်း ပြောကြားခဲ့ပါတာ တွေ့ရပါတယ်..။

သူ့ရဲ့ ပရိသတ်တွေကလည်း Lee Hyun Woo စစ်မှုထမ်း ပြန်လာမယ့်နေ့နဲ့ သူတို့ရဲ့ Idol နဲ့ ပြန်လည်တွေ့ဆုံမယ့်နေ့ကို စောင့်မျှော်နေကြ ထင်ပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။