ဇန်နဝါရီ ၈ ရက်နေ့ ဒီနေ့ မနက် အစောပိုင်းအချိန် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေသတွင် စားသောက်ဆိုင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဝန်ထမ်း(၅)ဦးသေဆုံးခဲ့တယ်လို့ Indian Express သတင်းဌာနမှ သတင်းထုတ်ပြန် ထားတာပဲဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်မှာ စားသောက်ဆိုင်မီးလောင်မှု ဖြစ်ပွားနေစဉ်အတွင်း ဝန်ထမ်း(၅)ဦးဟာ အိပ်ပျော်နေခဲ့တာကြောင့် မီးလောင်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။၎င်းစားသောက်ဆိုင်ဟာ ဘင်ဂါလူရူရှိ ဈေးဧရိ ယာတွင် ဖွင့်လှစ်ထားတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆိုင်ပိတ်ချိန်တွင် ဆိုင်ဝန်ထမ်းများ အိပ်စက်နေခိုက် မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ကိုင်လက်ရှ် ဘားနှင့် စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို အောင်မြင်စွာ ထိန်းချုပ် ငြှိမ်းသတ် နိုင်ခဲ့သော်လည်း လူငါးဦးရဲ့ အသက်ကိုတော့ မကယ်ဆယ်နိုင်ခဲ့ဖူးလို့ မီးသတ်အရာရှိတစ်ဦး ကပြောပါတယ်။ “မနက် နှစ်နာရီခွဲလောက်မှာ မီးနဲ့ မီးခိုးတွေကို စသတိထားမိလာတာပါ။ လောလောဆယ်တော့ မီးလောင်မှု အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဝန်ထမ်း ငါးယောက်ကတော့ အိပ်နေရင်း မီးထဲ ပါသွားခဲ့ တယ်”လို့ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ အမ်အန် အေနူချတ်သ်က ပြောပါတယ်။

သေဆုံးသူများမှာ အသက် ၂၀ မှ ၄၅ နှစ်ကြား ရှိကြပြီး အားလုံး ဆိုင်ဝန်ထမ်းများဖြစ်တယ်လို့ ဆိုင်ပိုင်ရှင် ဖြစ်သူကပြောပါတယ်။လက်ရှိမှာတော့ အဆိုပါ ဆိုင်ပိုင်ရှင် ဆိုသူကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။အဆိုပါ မီးလောင်ပြင်သို့ မီးသတ်ဌာနမှ ယာဉ်သုံးစီးဖြင့် သွားရောက်မီး ငြှိမ်းသတ်ခဲ့ရပြီး အနီးအ နားရှိ အဆောက်အအုံ တစ်ခုကိုလည်း မီးကူးစက်ခဲ့တယ်လို့ ဒေသခံ ပြည်သူများကပြောပါတယ်။ပြီးခဲ့တဲ့ လကလည်း အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ စားသောက်ဆိုင် တစ်ခုတွင် ညနက်ပိုင်း မီးလောင်မှု ဖြစ်ပွားရာ လူ ၁၅ ဦး အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - Indian Express

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။