ဒီခန္ဓာကိုယ်ထဲကို ကျန်းမာရေးအတွက် ကောင်းကျိုးတွေရော ဆိုးကျိုးတွေရော ဖြစ်တည်အောင် ကိုယ်ပဲလုပ် တာလေ။ ဒါမကောင်းဘူးဆိုလည်း တားမရစားကြတာပါပဲ။အမှန် ဘယ်သူမှာမှ အပြစ်မရှိပါဘူး။ကို်ယ်သာလျင် အပြစ်ရှိတဲ့သူပါ။ နိုင်ငံတော်အစိုးရကလည်း ကော်ဖီမစ်မသောက်ဖို့ကို တားဖြစ်ထားပြီးသားပါ။ ဒါပေမဲ့ ခုခေတ်မှာ ကော်ဖီမစ်ကစျေးကွက်ထဲ ကြီးကြီးမားမားထိုးဖောက်လျက်ရှိနေပါပြီ။ စားရေသူငယ်တုန်းက ကော်ဖီမစ်မရှိတဲ့အချိန် ဒီလိုပဲမနက်စားအတွက် ရှိတဲ့ဟာလေနဲ့ အဆင်ပြေအောင်စားခဲ့ရတာပဲလေ။ အဲတုန်းက တော့ဘာမှပူစရာလည်းမလိုဘူး။ ခုခေတ်လို တစ်ခုခုစားတော့မယ်ဆိုရင် ကျန်းမာရေးနဲ့ သင့်တော်ရဲ့လားလို့ စဉ် စားစရာတောင်မလိုပါဘူး။ အသိခက်ခက် အဝင်နက်ဆိုတဲ့စကားအတိုင်းပါပဲ သိရင်လည်း စားကြသောက်ကြ တာပါပဲ ။ဒါကြောင့် ဘယ်လောက်ပဲတားတား ဘယ်လောက်ပဲပြောပြော စားမြဲတု်ိင်း သောက်မြဲတိုင်းရှိနေတဲ့ သူတွေအတွက် ဒါစားလို့ရှိရင် ဒါလေးတွေဖြစ်တတ်တယ်ဆိုတာက်ုိ သတိရစေဖို့ ရေးသားလိုက်ရပါတယ်နော်။

ကော်ဖီမစ်က ကြာရှည်ခံအောင်လုပ်ထားခြင်း၊ အရသာနှင့် ထုပ်ပိုးမှုပုံစံတွေ ကိုသိ်ထားရပါမယ်။ ကယ်လိုရီ ဘယ်လောက်သုံးထားလဲ ဆိုတာသတိထားရပါမယ်။အဆီဓာတ်ဘယ်လောက်ပါလဲ ဆိုတာကို ကြည့်တတ်ရပါ မယ်။ အဆီပါဝင်မှုအများဆုံးပါဝင်နေတဲ့ ကော်ဖီမစ်တွေကတော့ Instant coffee mix နှင့် Powdered creamer တို့ပဲဖြစ်ပါတယ်။ အဲဒီကော်ဖီမစ်တွေဟာ အဆီများတဲ့ဝက်သားနဲ့တူညီမှုရှိပါသတဲ့။ ကျန်းမာရေး အတွက်မသင့်တော်တဲ့ ပြည့်ဝဆီတွေ ပါနေတာတွေရှိရပါတယ်နော်။ ပြည့်ဝဆီတွေပါနေတဲ့ ကော်ဖီမစ်ကို သောက်လိုက်ပါက သွေးထဲမှာ ကိုလက်စထရောလ် ကိုမြင့်တက်စေပါတယ်။Instant coffee Mix နှင့် creamer (၁၄)မျိုးလောက်ကို လေ့လာခဲ့ကြပါတယ်။ creamer နို့မှုန့်တွေထဲမှာ ဝက်သားအဆီနဲ့တူတဲ့ ပမာဏက ၂၅ ရာခိုင််နှုန်းပါဝင်နေပါတယ်။ ကော်ဖီမစ်တွေကတော့ ၁၀ ရာခိုင်နှုန်းပါဝင်နေပါတယ်။ ကော်ဖီမစ်တွေမှာတော့ ပြည့်ဝဆီ ၉၉ ရာခိုင်နှုန်းပါဝင်နေပါတယ်။ ပုံမှန်အားဖြင့် ကြက်သားထဲမှာ ၂၉ ရာခိုင်းနှုန်း နှင့် အမဲသားထဲမှာ ၄၀ ရာခိုင်နှုန်း စသည်တို့နှင့် နှိုင်ယဉ်ကြည့်နိုင်ပါတယ်။

ကိုလက်စထရောလ် များနေရင် နှလုံးနှင့် နှလုံးသွေးကြောဝေဒနာကို ဖြစ်ဖို့များတယ်ဆိုတာ သတိထားစေချင် ပါတယ်။ ခုခေတ်က စားသောက်ကုန်တွေကို ပလပ်စတစ်တွေနဲ့ထုပ်ပိုးထားတာကြောင့် သတိထားစေချင်ပါ တယ်။ ပလပ်စတစ်က ဖော်မယ်လဒီစဟိုက် ပါနေရင်တော့ ကင်ဆာဖြစ်ပွားနိုင်မှုများပါတယ်ရှင့်။ ဒါကြောင့် ကော်ဖီမစ်သောက်ရင် သတိလေးထားပြီးတော့ ဒီကော်ဖီမစ်မှာ ဘာတွေပါဝင်နေလဲဆိုတာက်ုိ အညွန်လေး ကြည့်ြ့ပီး သောက်စေချင်ပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက ကိုယ်ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သတိပေးချင်ပါတယ်နော်။အားလုံးပဲကျန်းမာကြပါစေ။

Source : Dr တင့်ဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။