လူမှုကွန်ရက်မှာ ပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ သရုပ်ဆောင် မိန်းမလှလေး ယွန်းဝတီလွင်မိုး နဲ့ ထက်ဦးလှိုင် တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကိုတော့ ဒီနေ့ ဇန်နဝါရီလ(၈)ရက်က ကမ္ဘာအေးမှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံကျော်မင်းသားကြီး ဦးလွင်မိုး နဲ့ ဒေါ် မေသူတို့ရဲ့ သမီးနှစ်ယောက်အနက် အကြီးဆုံးဖြစ်တဲ့ ယွန်းဝတီလွင်မိုး ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာအားပေးမှုတွေရရှိထားတဲ့ ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။ သူမတို့ညီအစ်မလေးနှစ်ယောက်ကို တီဗွီကြော်ငြာအချို့မှာ ငယ်စဉ်က တွေ့ဖူးကြမှာပါ။

မင်္ဂလာဆွမ်းကျွေးပွဲမှာတော့ ယွန်းဝတီနဲ့ ဒီဒီးတို့ ညီအစ်မနှစ်ယောက်ကို ချစ်ချစ်ခင်ခင် ပျော်ပျော်ပါးပါးပဲ တွေ့မြင်ရပါတယ်။အဖေတူအမေတူ သမီးချောလေးတွေဖြစ်တဲ့ သူတို့နှစ်ဦးကတော့ ဘယ်အချိန်ပဲကြည့်ကြည့် အပြစ်ကင်းစင်ပြီးချစ်စရာကောင်းနေတာဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ အနုပညာဗီဇလည်း ပါလာတဲ့ ယွန်းဝတီဟာ ကြော်ငြာတော်တော်များများမှာလည်း ပါ၀င်ရိုက်ကူးထားပြီး အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။

ထင်မှတ်မထားပဲ ရုတ်တရက် ထွက်ပေါ်လာတဲ့ ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာပွဲသတင်းကြောင့် လူတိုင်း မယုံနိုင်လောက်အောင် အ့ံ့အားသင့်ခဲ့ရပြီး သူမကို အသက်ငယ်သေးလို့ နှမြောတသဖြစ်နေတဲ့သူတွေလည်းရှိနေတာပါ။

ယွန်းဝတီဟာ လူမှုကွန်ရက်မှာ ယောကျာ်းလေးပရိသတ်အများစုရဲ့ သဲသဲလှုပ်ဝန်းရံခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ သြစီမှာ ကျောင်းတက်ပြီးပြန်လာလာချင်းမှာ ရုတ်တရက် မင်္ဂလာပွဲလေးပြုလုပ်ခဲ့ပြီး အခုဆိုရင် ဒင်နာ နဲ့ မင်္ဂလာဆွမ်းကျွေးကို ပြုလုပ်ပြီးပြီဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ယွန်းဝတီ တို့ညီအစ်မလေးကို မြင်ရတာ ကြည်နူးစရာလေးပါပဲ။

Photos -ayezawmoesetthmu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။