နေ့စဉ်နဲ့အမျှ မိတ်ကပ်လိမ်းခြယ်နေရတယ်ဆိုရင် ဒီအချက်လေးတွေက ပျိုမေလေးတို့ အတွက် အထောက်အကူတစ်ခုဖြစ်မှာပါ။ သတိမထားမိတဲ့ အမှားလေးတွေလည်း ပြန်လည်မျှဝေပေး မှာမို့ ကြည့်ရအောင်နော်။

ပုံ(၁)

Foundation အရောင်အရွေးမှားရင် မျက်နှာအသားအရည်နှင့် တစ်ထပ်တည်း မကျတော့တာမျိုးဖြစ်တက်ပါတယ်။ မိတ်ကပ်အောက်ခံကို အညိုဘက်အများကြီး ရောက်တာသုံးလိုက်ရင်လည်း မျက်နှာဟာညှိလွန်းပြီး ကြည့်မကောင်းတော့ပါဘူး။ အညှိကသုံးတော့သုံးသင့်ပါတယ်။ ဒါပေမယ့် သင့်တော်ရုံလောက်ပါပဲ။

ပုံ(၂)

အောက်ဘက်မျက်တောင်ကို ကော့ပေးတာက မျက်လုံးကိုတောက်ပစေပြီး သေးသွယ်သွားစေပါတယ်။

ပုံ(၃)

မျက်လုံးပေါ်ချင်လို့ အောက်မျက်ခမ်းကို အောက်မျက်ခမ်းပေါ်မှာ အမဲရောင်အသုံးပြုတာက ပိုပြီး မျက်လုံးကိုမှေးသွားစေပါတယ်။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပေါ်လွင်စေဖို့အတွက် အဖြူရောင်သုံးပေးရပါမယ်။

ပုံ(၄)

ပါးလေးက ပန်းနှရောင်သန်းနေမှ ချစ်ဖို့ကောင်းမှာပါ။ ဒါပေမယ့်လည်း လိုတာထက် ပိုပြီးတော့ အသုံးမပြုသင့်ပါဘူး။

ပုံ (၅)

မျက်ခုံးအလှပိုပြီးပေါ်လွင်စေဖို့အတွက် မျက်ခုံးမွေးထူထူဆွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ် နော်။ သွယ်လျပြီး အနားညီတဲ့ မျက်ခုံးမွေးလေးတစ်ခုကိုသာ ဖန်တီးလိုက်ပါ။

ပုံ (၆)

နှုတ်ခမ်းလေးလှလှလေးနဲ့ သေသေသပ်သပ်လေးဖြစ်ဖို့အတွက်ဆိုရင် နှုတ်ခမ်းကို ပုံဖော်ပေးဖို့လဲ လိုပါတယ်။ ဒါပေမယ့်ဆိုးလိုက်တဲ့အခါမှာ ပုံဖော်ထားတဲ့ နှုတ်ခမ်းအရောင်ကိုလည်း ပြန်ဖြည်ပေးဖို့လိုပါမယ်။

ဒီနည်းလမ်းလေးတွေအားလုံးသိပြီးပြီဆိုရင်တော့ မနက်ဖြန်ရုံးသွား ကျောင်းသွားတဲ့အခါ အစွမ်းအစတွေကို ထုတ်ပြဖို့ မမေ့နဲ့နော်။

ပျိုမေလေးတို့အားလုံးပဲ လှသထက်လှနိုင်ကြပါစေရှင်။

Source - Beauty Tips by ShweSin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။