မကြာခင်ရောက်ရှိလာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာဆိုရင်တော့ ရန်ကုန်တိရိစ္ဆာန်ဦးယာဉ်၏ သက်တမ်း ၁၁၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပပြုလုပ်သွားမည်လို့သိရပါသည်။ ထိုပွဲကို ဇန်နဝါရီလ ၁၃ ရက်ကနေ ၁၄ ရက်ထိ ၂ရက်တိုင်တိုင်ကျင်းပမှာဖြစ်တယ်လို့သိရှိရပါတယ်။ အဆိုပါ ပွဲတော်ကိုတော့ ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် ကြီးကြပ်ရေးအဖွဲ့နင့် ခိုင်နှင်းေ၀ ပရဟိတ လူငယ်များအဖွဲ့တို့ပူးပေါင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုပွဲတွင် နိင်ငံကျော်အဆိုတော်များ ၊နိုင်ငံကျော်သရုပ်ဆောင်များစွာလည်း ပါဝင်ဖျော်ဖြေတင်ဆက်မယ်လို့သိရပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေ ၊ တိရိစာန်္ဆအမျိုးမျိုး၏ ကပြတင်ဆက်မှုတွေ၊ မျက်လှည့်နှင့် အခြားပျော်ပွဲရွှင်ပွဲတွေ နဲ့ ဈေးရောင်းပွဲတော်တွေ ပါဝင်မယ်လို့သိရပါတယ်။ ထိုပွဲတော်မှရရှိလာတဲ့ အလှူငွေတွေကိုလည်း ခိုင်နှင်းေ၀ ပရဟိတအဖွဲ့သို့ပေးအပ်ပြီး လှူဒါန်းမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သက်တမ်း ၁၁၂ နှစ်ပြည့်ရန် နီးကပ်လာပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တွင် လည်း လာရောက်အပန်းဖြေလည်ပတ်သူ လူဦးရေ၁ သန်းခွဲနီးပါးရှိတယ်လို့လဲသိရပါတယ်။ ယခုလက်ရှိ ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်တွင် တွားသွားသတ္တဝါမျိုးစိတ် ၁၈မျိုး ၊ နိုတိုက်သတ္တဝါမျိုးစိတ် ၄၅မျိုး ၊ ရှားပါးကျေးငှက်မျိုးစိတ်မှာနှင့် အခြားတိရီစ္ဆာမျိုးစိတ်ပေါင်း ၆၉ မျိုးအပါအဝင် စုစုပေါင်း တိရိစ္ဆာန်မျိုးစိတ် ၁၃၂ မျိုးထိန်းသိမ်းပြသထားတယ်လို့လဲသိရှိရပါတယ်။ 

source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။