ရန်ကုန်- မန္တလေး အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သည့် ကားအရေအတွက်ကတော့ ခါးပတ်မပတ်ဘဲမောင်းနှင်သည့်အရေအတွက်ထက် ပိုမိုများပြားလာကြောင်း သိရပါတယ်။ တစ်ပတ်အတွင်း ဖမ်းစီးမှုမှာ အရှိန်ပြင်း မောင်းနှင်သည့် ယာဉ်အစီးရေ ၃၄၅ စီး နှင့် ခါးပတ်မပတ်သည့် ယာဉ် ၂၅စီး ဖမ်းမိထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှာ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ယမန်နှစ်အတွင်း အရှိန်အပြင်းမောင်းနှင်မှု ကြောင့် ယာဉ်မတော်တဆမှု ၁၅၃ မှုဖြစ်ပွားခဲ့ပါတယ်။ သတ်မှတ်မိုင်နှုန်း ထက်ပိုမိုမောင်းနှင်သည့် ယာဉ်များကို အမြန်လမ်းမိုင်တိုင်(၂၀၁)နေပြည်တော်တိုးဂိတ်၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၊ ဖြူးမြို့နယ် ၁၁၅ မိုင်၊ ဖြူးတိုးဂိတ်နှင့် မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်တို့တွင် ဖမ်းဆီးအရေးယူနေကြောင်း သိရပါတယ်။

"ယာဉ်မောင်းတွေ အဆင်ပြေမယ့်တရားရုံးတွေမှာ သွားရောက်ရွေးယူရပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း သက်ဆိုင်ရာ တရားရုံးတွေက ဒဏ်ငွေချ မှတ်အရေးယူပါတယ်။ အရှိန်ပြင်းမောင်းရင် ငါးသောင်း၊ ခါး ပတ်မပတ်ရင် သုံးသောင်း ဒဏ်ရိုက်တယ်လို့ သိရပါတယ်" ဟုအမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြခဲ့ပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။