လူမှုကွန်ယက်တွေ ခေတ်စားလာတဲ့အမျှ လူလတ်ပိုင်းရော၊ လူငယ်ပိုင်းတွေပါ ဖုန်းအသုံးပြုမှုက အဆမတန် တိုးတက်လာကြပါတယ်။ ဒါ့ကြောင့် အများစုက အိမ်သာ သွားတဲ့အခါ ဖုန်းကို ယူသွားလေ့ ရှိကြပါတယ်။ အိမ်သာထဲမှာ ဖုန်းပြောတာ၊ ဖုန်းသုံးတာတွေက သမရိုးကျ အကျင့် တစ်ခုလိုတောင် ဖြစ်လာပါတယ်။ ဒီလို အိမ်သာထဲကို ဖုန်းယူသွားတတ်တဲ့ အကျင့်က ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ရနိုင်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်သာထဲမှာ ဖုန်းသုံးတဲ့အကျင့်က Salmonella ကဲ့သို့သော ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ကပ်ငြိနိုင်ချေ များပါတယ်။ အိမ်သာတက်ပြီး အညစ်အကြေး ကိုင်တွယ်သန့်စင်ပြီးချိန်မှာ ဖုန်းကိုကောက်ကိုင်လိုက်ခြင်းဖြင့် ဘက်တီးရိးယားပိုးတွေက ဖုန်းမှာကပ်ငြိလာစေနိုင်ပါတယ်။ ဒီလိုဆို လက်ဆေးလည်း အလကားပါပဲ။ Salmonella ပိုးက အစာအဆိပ်သင့်ခြင်း၊ ဖျားခြင်း၊ ဗိုက်ရစ်နာခြင်း၊ ၀မ်းပျက်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ခြင်း စတာတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အိမ်သာထဲကို ဖုန်း ယူမသွားသင့်ပါဘူး။

ဖုန်းမှာ ရောဂါပိုးတွေ ဘယ်လောက်ကပ်ပါလာမလဲဆိုတဲ့ပမာဏက ကိုယ်အသုံးပြုတဲ့ အိမ်သာအပေါ်မူတည်ပါတယ်။ ရုံးကအိမ်သာ၊ စားသောက်ဆိုင်၊ စျေး၊ shopping center ၊ hotel စတဲ့ အိမ်သာတွေက လူမျိုးစုံ အသုံးပြုထားတဲ့အတွက် ဗိုင်းရပ်စ်ပိုး အမျိုးမျိုး ရှိနိုင်ပါတယ်။ အိမ်က အိမ်သာမှာလည်း ဗိုင်းရပ်စ် ပိုးတွေ ရှိနေပါတယ်။ အိမ်သာ အသုံးပြုတဲ့အခါ ဒီပိုးတွေက လက်တွေကိုသာမက ဘေစင်ပေါ်မှာ ထားတဲ့ ပစ္စည်းတွေ၊ ကိုယ် သယ်ဆောင်သွားတဲ့ ပစ္စည်းတွေကိုပါ ကူးစက်နိုင်ပါတယ်။ ဒ့ါကြောင့် အိမ်သာဘေစင်ပေါ်ကို လက်သုတ်ပဝါ၊ သွားတိုက်တံ၊ ဆပ်ပြာ၊ ဖုန်း … စတာတွေကို တင်မထား သင့်ပါဘူး။ 

လက်ကိုင်ဖုန်းမှာ ပိုးတွေကပ်ပါလာတဲ့အခါ အသုံးပြုတာကြာလို့ ဖုန်း ပူလာတာနဲ့အမျှ ပိုးတွေ ရှင်သန်ပွားများဖို့အတွက် အခွင့်အရေးကို ဖြစ်စေပါတယ်။ အိမ်သာထဲမှာ ဖုန်းသုံးခြင်းက ဘက်တီးရိးယားတွေ အများကြီးပေါက်ဖွား တွယ်ငြိစေနိုင်ပါတယ်။ ဒါကြောင့်နောက်တစ်ခါ အိမ်သာ သွားမယ်ဆိုရင် ဖုန်း လုံးဝ ယူမသွားသင့်ပါဘူး။

ကျန်းမာ လှပဖို့အတွက် လူနေမှု ပုံစံလေးတွေက စပြီး ပြင်လိုက်ကြရအောင် နော်။

သာယာလှပသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Dr. ဒေါ်မြမျိုးမျိုးဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။