အသံချိုချိုလေးနဲ့အတူ တေးသီချင်းကောင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိထားတဲ့ “NO” အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ အဆိုတော် သဇင်ကတော့ ယခုနှစ်အတွင်း တေးသီချင်းကောင်းလေးတွေနဲ့ အတူ ပရိသတ်တွေရှေ့ကို ပြန်လာတော့မှာ ဖြစ်ပါတယ်..။

သူမကတော့ ယခု (၂၀၁၈)ခုနှစ်အတွင်းမှာပဲ ဂီတပိုင်းမှာ အကောင်းဆုံးကြိုးစားပြီး ပရိသတ်အတွက် ပြန်လည်ပြီး တင်ဆက်သွားမယ့်အကြောင်းကို သဇင်က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ပရိသတ်တွေကို အသိပေး ပြောပြထားတာ ဖြစ်ပါတယ်..။

တချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ မိန်းမလှလေး သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ “NO” အဆိုတော် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ သဇင်ကတော့ ဂီတပိုင်းမှာလည်း အောင်မြင်ပြီး မော်လ်ဒယ် သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်..။

ဇန်နဝါရီ(၆)ရက်နေ့မှာတော့ သူမရဲ့ မွေးနေ့လေးမှာ Birthday Wish လုပ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောထားပြီး ပရိသတ်တွေဆီ သီချင်းကောင်းလေးတွေနဲ့ ပြန်လာမယ့်အကြောင်းကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။

“သဇင်ရဲ့ဒီနေ့မွေးနေ့မှာ chatbox ကbirthday wish ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်ရှင့်..

သဇင် 2018 မှာပရိသတ်အတွက် ဂီတပိုင်းမှာ အကောင်းဆုံး ကြိုစားမူတွေနဲ့ ပြန်ပြီးပရိသတ်ကို တင်ဆက်ပါမယ်ရှင့်..” ဆိုပြီး ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ နိုဝင်ဘာလကည်း သူမရဲ့ သီချင်းအသစ်တွေကို Mini Album ထုတ်ရင်ကောင်းမလား.. အွန်လိုင်းမှာ တင်ရင်ကောင်းမလား ဆိုပြီးလည်း ပရိသတ်တွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါသေးတယ်..။

အဆိုတော် သဇင်ကတော့ လူမှုရေး ပြဿနာတွေနဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို အချိန်တစ်ခုအထိ ရပ်နားထားခဲ့ကာ လူမှုရေး ပြည်ပနိုင်ငံမှာ မိတ်ကပ်ပညာကို လေ့လာခဲ့ပါတယ်..။

လတ်တလောမှာလည်း ဂီတအနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း ပရိသတ်တွေကတော့ ယနေ့တိုင် အားပေး ချစ်ခင်နေတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာတော့ မိတ်ကပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရင်းနဲ့ သီချင်းတွေလည်း ပြန်ဆိုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - သဇင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။