ယနေ့ (ဇန်နဝါရီ ၈ ရက်) နံနက် ၈ နာရီခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် ၃၃ ရပ်ကွက်၊ နီလာလမ်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မီးလောင်မှုအတွင်း အိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၇) စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် မီးငြိှမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ယခုလိုခြောက်သွေ့ရာသီတွေမှာ မီးလောင်မှုအများအပြားဖြစ်တတ်ပါတယ်။ မကြာမှီရောက်ရှိလာမယ့်နွေရာသီဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီဖြစ်တဲ့အတွက် မီးလောင်မှုအများဆုံးဖြစ်ပွားတဲ့ ရာသီလည်းဖြစ်ပါတယ်။ ထို့ကြောင့်နွေရာသီမကူးမှီ မီးသတိပေးကြိုတင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားသင့်ပါတယ်။

source- Eleven Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။