နိုင်ငံတကာမှာ သုံးစွဲနေကြတဲ့ လူမှုကွန်ရက်စာမျက်နှာ အင်စတာဂရမ်မှာတော့ ကမ္ဘာကျော် ပေါ့အဆိုတော်မလေး Selena Gomez က Follower အများဆုံးသူလေးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဒီလို ကမ္ဘာတစ်လွှားကပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံရတဲ့ ဆလီနာ တစ်ယောက် (၂၀၁၈)မှာ စိတ်သစ်လူသစ်နဲ့ အပြောင်းလဲလေးလုပ်လိုက်တယ်လို့သိရပါတယ်။

အဲ့ဒါကတော့ အသက်(၂၅)နှစ်အရွယ်အဆိုတော်သရုပ်ဆောင် ဆလီနာဟာ သူမ Instagram အကောင့်မှာ Follow လုပ်ထားတဲ့သူတွေထဲက Gigi Hadid နဲ့ အဆိုတော် Demi Lovato တို့အပါ၀င် နာမည်ကြီးဆယ်လီ (၃၀၀)ကျော် ကို Follow မလုပ်တော့ဘူးလို့ သိရပါတယ်။

ဒီသတင်းကိုတော့ Just Jared က ဖော်ပြထားတာဖြစ်ပြီး ပရိသတ်တွေကတော့ သူမဘာကြောင့် အခုလို လုပ်လိုက်ရလဲဆိုတာ သိချင်နေကြပါတယ်။

သူမရဲ့ အကောင့်ကို မလိုတာတွေရှင်းလင်းပစ်နေပုံရတဲ့ ဆလီနာ ဟာ လက်ရှိမှာတော့ သူမ Follow လုပ်ထားတဲ့ ဆယ်လီစာရင်းက အနည်းငယ်သာ ရှိတော့တာပါ။

သူမရဲ့ သူငယ်ချင်းအရင်းကြီး အဆိုတော် Taylor Swift, တေးရေးဆရာတွေဖြစ်တဲ့ Justin Tranter and Julia Michaels, Amy Schumer, BFF Francia Raisa, ဒီဇိုင်နာ Nicolas Ghesquiere, သူမရဲ့ ဆံပင်စတိုင်ဖန်တီးပေးသူ Kate Young, နဲ့ Jessica Alba တို့အပြင် သူမနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ brands တွေဖြစ်တဲ့ Puma, Coach, Pantene နဲ့ Louis Vuitton တို့ကိုတော့ Follow လုပ်ထားဆဲပါပဲ။

ဆလီနာကတော့ ခပ်ချေချေပဲနော် သူတကယ်ခင်မင်ရင်းနှီးပြီး လိုအပ်မယ်ထင်တဲ့ သူတွေကိုသာ Follow လုပ်ထားပုံပါပဲ။

ဆလီနာဟာ အဲ့လိုမျိုး သူမရဲ့အကောင့်ကိုရှင်းရှင်းလင်းလင်းလုပ်ခဲ့တာဟာ ဇန်နဝါရီလ(၆)ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  

Source : Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။