ကမ္ဘာပေါ်မှာတော့ လုပ်ဆောင်ချက်အများဆုံးနဲ့ အသန်မာဆုံးကားတစ်စီးဖြစ်ပြီး မှာတော့ သမ္မတနှစ်ဦးသား စီးနင်းရသေးတဲ့ ကားလည်းဖြစ်ပါတယ်။လက်ရှိ ၄၅ဦးမြောက် အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့ သမ္မတ အိုဘားမား စီးနင်းတဲ့ The Beastလို့ လူသိများတဲ့ Cadillac Oneကိုပဲ ဆက်လက် အသုံးပြုနေတာ တွေ့ရပြီး အဆိုပါ မော်ဒယ်နဲ့ ပတ်သတ်တဲ့ သိကောင်းစရာ အချက် ၁၀ကို ပြောပြချင်ပါတယ်။

(၁) One မော်ဒယ်မှာ Duramx အမည်ရှိ ၆.၆လီတာသုံး V8အင်ဂျင်ကို တပ်ဆင်ထားပြီး Superchargedစနစ်သုံး ဒီဇယ် အင်ဂျင်တပ်ဆင်ထားပါတယ်။ ၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၀ရက်မှာ သမ္မတစီး ကားအဖြစ် စတင် အသုံးပြုခဲ့တာ ဖြစ်ပြီး အိုဘားမားလက်ထက်မှာ စတင် အသုံးပြုခဲ့တာပါ။

(၂) One ဟာ ပေါင် ၁၄၀၀၀ထိအောင် လေးပါတယ်။ စိတ်ထဲမှာ အလွယ် နှိုင်းစားကြည့်ချင်တယ် ဆိုရင်တော့ နာမည်ကျော် Toyota Camryဟာ ပေါင် ၃၂၀၀ပဲ လေးပါတယ်။ ဒီလို အလေးချိန် များရတဲ့ အချက်ကတော့ လက်နက်တွေ တပ်ဆင် ပါရှိမှုနဲ့ ကိုယ်ထည်သားမှာ စတီးလ်၊ အလူမီနီယမ်၊ တိုက်တမ်နီယမ်နဲ့ ဆီရာမိုက်တွေ ထည့်သွင်း ဖန်တီးထားမှုကြောင့် ဖြစ်ပါတယ်။

(၃) Oneရဲ့ ၀င်ပေါက် တံခါးတွေမှာ သော့ပေါက် မပါရှိပါဘူး။ သမ္မတရဲ့ ကားမှာ လိုက်ပါမယ့် လုံခြုံရေး ၀န်ထမ်းတွေကပဲ ကားတံခါးကို ဘယ်လို ဖွင့်ရမယ် ဆိုတာ သိကြပါတယ်။

(၄) ကားမှာ ၅လက်မလောက် အထူရှိတဲ့ ကျဉ်ကာမှန်တွေ တပ်ဆင်ထားတယ်လို့တောင် ဆိုပါတယ်။ ဒီမှန်တွေ အပြင် လေသန့်စနစ်တွေပါ ပူးတွဲ တပ်ဆင် ထားမှုကြောင့် ဓာတုပစ္စည်းမျိုးနဲ့ တိုက်ခိုက်မှုကိုပါ ခံနို်င်ရည်ရှိတယ်လို့ သိရပါတယ်။

(၅) Oneမော်ဒယ်ဟာ ဒုံးကျဉ်နဲ့ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိပါတယ်။ မျက်ရည်ယိုဗုံးလည်း မတိုးပါဘူး။ မီးသေနတ်နဲ့လည်း တိုက်ခိုက်လို့ မရပါဘူး။ ဆီတိုင်ကီတောင်မှ သေနတ်နဲ့ ပစ်လို့ မပေါက်ဘူးလို့ ဆိုပါတယ်။

(၆) One မော်ဒယ်မှာ သမ္မတရဲ့ သွေး အမျိုးအစားနဲ့ တူတဲ့ သွေးပိုအိတ် ၂ အိတ် ပါရှိပါတယ်။ ပြီးတော့ အရေးပေါ် အသက်ရှုမှု အတွက် အောက်ဆီဂျင် ထောက်ပံ့မှု စနစ်လည်း ပါရှိပါတယ်။

(၇) One က ကမ္ဘာရဲ့ ဘယ်နေရာမှာ ဖြစ်စေ ဖုန်းတွေ လက်ခံ ပြောဆိုနိုင်တယ်၊ Video Conferencing ဆိုတဲ့ ရုပ်မြင်သံကြား အစည်းအဝေးတွေကိုလည်း ကားစီးနင်းနေရင်း ပါ၀င် လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

(၈) ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိအောင် ကားရဲ့ ကိုယ်ထည် အောက်ဖက်မှာ Kevlarဆိုတဲ့ ကာကွယ်ရေးစနစ် ကိုယ်ထည်သားကို ထည့်သွင်းဖန်တီးထားပြီး ဗုံးပေါက်ကွဲမှုတွေကို ကောင်းကောင်း ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။

(၉) ကားရဲ့ တာယာသားမှာလည်း Kevlar စနစ် ပါရှိတယ်လို့ သိရပါတယ်၊ ဒါကြောင့် လေမရှိချိန်မှာလည်း ပုံမှန် အတိုင်း မောင်းနှင်လို့ ရနိုင်ပါတယ်၊ နောက်ဆုံး တာယာ မရှိတော့့တဲ့ ဘီးခွေသားပဲ ကျန်ရှိချိန်မှာတောင် ဆက်လက် မောင်းနှင်လို့ ရတယ်လို့ သိရပါတယ်။

(၁၀) နာမည်ကျော် စက်တင်ဘာ ၁၁ရက် အကြမ်းဖက် ခံရမှု အပြီးမှာ ပထမ အသုံးပြုနေတဲ့ One မော်ဒယ်ကို အကြမ်းဖက်မှု ပုံစံ အတိုင်း ပစ်ခတ် စမ်းသပ်မှုတွေ လုပ်ဆောင်ပြီး ခံနိုင်ရည်ကို လက်တွေ့စစ်ဆေးကာ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ ပြီးမှ အားနည်းချက်တွေ ပြင်ဆင်ပြီး ပုံစံတူ One မော်ဒယ်ကို ပြန်လည် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 

Source - Myanmar Update News Agency

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။