မအေးသောင်းတစ်ယောက်ကတော့ အမြဲတမ်းသတိတရလွမ်းနေသူလို့ ဆိုရလောက် အောင်ကို လွမ်းတက်သူတစ်ယောက်ပါပဲ။ သံယောဇဉ်ရှိတဲ့သူတွေနဲ့ ဝေးကွာသွားတဲ့ အခါမှာ သတိတရလွမ်းတဲ့အကြောင်းအရာလေးကို ထုတ်ဖော်ပြောပြလေ့ရှိသူပါ။ ဒီနေ့လည်း သူမတစ်ယောက်လွမ်းပါတယ်တဲ့။

ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားက သနပ်ခါးလေးတွေနဲ့ ကလေးလေးတွေကို ပြောတာပါနော် ပရိသတ်ကြီး ။ သူတို့လေးတွေက မအေးသောင်းလေးကို လက်ဆောင်အဖြစ် Dewberry ကွတ်ကီးနဲ့ ကော်ဖီကို လက်ဆောင်ပေးလိုက်ပါသေးတယ်။

သူမကတော့ သတိတရနဲ့ပဲ သူတို့လက်ဆောင်လေးတွေကို ဒီနေ့မနက်သောက်ဖြစ်ပါ တယ်တဲ့။ ပရိသတ်တွေအတွက်ဆို အသေးအဖွဲလေးတွေကအစ ဂရုတစိုက်ရှိတက်သူပါ။

ယခုလကစပြီး သူမကို ဆိုင်သစ်ဖွင့်ပွဲတွေမှာ မပါမဖြစ်တဲ့သူတစ်ယောက်အဖြစ် မြင်တွေ့လာရပါတယ်။ မြန်မာဝတ်စုံလေးများနဲ့ ပြန်လည်ဝင်ရောက်လာတဲ့သူမက အခုလည်း မြန်မာဝတ်စုံလေးတွေကို နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်နေတုန်းပါပဲ။

မှတ်ချက်ပေးတဲ့ ပရိသတ်များနဲ့လည်း အပေးအယူတည့်စွာ ခင်ခင်မင်မင်နေတက် တဲ့သူမက စနောက်ကာ ချစ်ဖို့ကောင်းတဲ့စကားလေးများနဲ့လည်း ပြန်လည်မှတ် ချက်ပေးလေ့ရှိပါတယ်။ ဒီလိုမင်းသမီးချောလေးရဲ့ လတ်တလောပုံရိပ်ကလေးများကိုလည်း ပရိသတ်ကြီးအတွက် စုစည်းထားပါသေးတယ်။

Source – Aye Thaung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။