မိန်းကလေးတွေရဲ့ ရ၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင် တတ်ကြပါတယ်။ ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက ၀တ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်း အနေနဲ့ ဘရာစီယာကို ရွေးချယ်တဲ့အခါ ကိုယ်နဲ့ သင့်တော်တဲ့ အနေအထားရှိတဲ့ အရွယ်အစားကိုသာ ရွေးချယ်သင့်ပြီး ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ အရွယ်အစားကိုလည်း သေသေချာချာ မှတ်ထားသင့်ပါတယ်။  

ဘရာစီယာ အရွယ်အစား မှားယွင်းစွာ ၀တ်ဆင်မိတဲ့အခါ ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေး ဆိုးကျိုးများ ကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

- ရင်သား နာကျင်ခြင်း

- ရင်ဘတ် အောင့်ခြင်း

- ကျော အောင့်ခြင်း

- အသက်ရှု ကျပ်ခြင်း

- (ပခုံးနှင့် နောက်ကျော တစ်ဝိုက်တွင်) ပွန်းပဲ့ ဒဏ်ရာ ရခြင်း

- အဖု အပိမ့်များ ထွက်ခြင်း

- အရေပြား ယားယံခြင်း

- သွေးလည်ပတ်မှု မကောင်းခြင်း

- ရင်သား ကြီးလာခြင်း

- ရင်သား ပျော့တွဲလာခြင်း

- ၀မ်းဗိုက် မအီမသာ ဖြစ်ခြင်း တို့ ဖြစ်တတ်ပါတယ်။ 

ဘရာစီယာဝယ်ယူတဲ့အခါ ရင်သား အရွယ်အစားနဲ့ ကိုက်ညီမှု ရှိတဲ့ ဘရာစီယာ ကိုသာ ရွေးချယ် ၀ယ်ယူကြဖို့ ထပ်ဆင့် အကြံပေးချင်ပါတယ်။ အမျိုးသမီးတိုင်းက မဖြစ်မနေ တစ်နှစ်စီတိုင်းမှာ ဘရာစီယာ ကို လဲလှယ်ပေးသင့်ပါတယ်။ ဘယ်လို နည်းနဲ့မှ ၁၂ လ အထက် ကျော်လွန်သော ဘရာစီယာများကို အသုံး မပြုသင့်ပါဘူး။ တစ်ချို့တွေက ဘရာစီရာ မပါဘဲ မအိပ်တတ်ဘူး ဆိုရင်တော့ ညဘက် ၀တ်အိပ်တဲ့ ဘရာစီယာ ကို ချည်သား (သို့မဟုတ်) သက်တောင့်သက်သာ ရှိသော၊ ပါးလွှားသော ဘရာစီယာများကိုသာ ၀တ်ဆင် သင့်ပါတယ်။

အမျိုးသမီးများအားလုံး ကျန်းမာ ချမ်းသာပြီး လှသထက် လှနိုင်ကြပါစေရှင်။ 

သတင်းအရင်းအမြစ် - YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။