အဆိုတော် ထူးအယ်လင်း တစ်ယောက်ကတော့ သူကိုယ်တိုင် မူးယစ်ဆေးဝါးရဲ့ တပည့်လက်ပါးစေ မဖြစ်တော့လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်..။

အရင်ကတော့ သူကိုယ်တိုင် စိတ်တိုင်းကျ မူးယစ်ဆေးဝါးတွေကို သုံးခဲ့ဖူးပြီး အခုအခါမှာတော့ မူးယစ်ဆေးဝါးရဲ့ လက်ပါးစေ အဖြစ်မခံတော့ဘူးလို့ ဆိုပါတယ်..။

မူးယစ်ဆေးဝါးကို သုံးစွဲနေခဲ့တဲ့ အချိန်က မူးယစ်ဆေးဝါးရဲ့ ရလာဒ်ဟာ အဖက်ဖက်မှာ ပျက်စီးဆုံးရှုံးခဲ့ရတယ် ဆိုပြီးလည်း ပြောပြထားပါတယ်..။

လက်ရှိဖြစ်နေတဲ့ အမှုအခင်းတွေမှာ မူးယစ်ဆေးဝါးကြောင့် ဆက်စပ်မှုတွေကြောင့် ဖြစ်လာတာများတယ်ဆိုပြီးလည်း ပြောထားပါသေးတယ်..။

မူးယစ်ဆေးဝါးသုံးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အခုခေတ်လူငယ်တွေကိုလည်း ဆေးသုံးတာကို လျှော့ပြီး နောက် လုံးဝမသုံးဖြစ်အောင် ဖြတ်လိုက်ဖို့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်..။

မိသားစုတိုင်း မူးယစ်ဆေးဝါးကြောင့် စိတ်သောကအပူမီးတွေ ကင်းဝေးဖို့လည်း ဆုတောင်းပေးထားတာ တွေ့ရပါတယ်..။

“ကိုယ်တိုင်စိတ်ကျမူးယစ်ဆေးတွေ သုံးခဲ့ဖူးတယ် , ရလာဒ်က အဖက်ဖက်မှာပျက်စီးဆုံးရံှူးခဲ့တယ်..။ အခုဖြစ်နေတဲ့ အမှူအခင်းတွေမှာ မူးယစ်ဆေးဝါးကြောင့် ဆက်စပ်မှူတွေ ဖြစ်လာတာများတယ် ။

မူးယစ်ဆေးဝါးသုံးနေတဲ့ ရောင်းရင်းညီအကိုတွေ ဆေးသုံးတာလျော့သုံးပြီး နောက် လုံးဝမသုံးဖြစ်အောင်ကို ဖြတ်လိုက်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်အခု မူးယစ်ဆေးဝါးရဲ့ တပည့်လက်ပါးစေအဖြစ်မခံတော့လို့ ကိုယ်တိုင် ဂုဏ်ယူတယ်.. ငါ ဆေးသမားမဟုတ်တော့ဘူးလို့ ( တစ်ခုပဲကျန်တယ် အရက်တော့ ကြုံရင် ပျော်ရင် သောက်ချင်ရင် သောက်ပါတယ် )

သဘောမျရေးတာ သေချာပြောချင်တာ စာရှည်တော့ ဖတ်ရတာ ပျင်းမှာစိုးလို့ (အဆင်ပြေကြပါစေဗျာ) မိသားစုတိုင်း မူးယစ်ဆေးကြောင့် စိတ်သောက အပူမီးတွေ ကင်းဝေးကြပါစေ..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

Source - ထူးအယ်လင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။