ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ဟာ အအေးလွန်ကဲမှုကြောင့် ရေများတစိတ်တပိုင်းအေးခဲခဲ့ပါတယ်။လွန်ခဲ့သော ရက်သတ္တပတ်အလွန်က အလွန်အေးလွန်းတဲ့ လေအေးစိုင်က ကနေဒါနိုင်ငံမြောက်ပိုင်းနဲ့ အမေရိကန်တောင်ပိုင်းတို့ကို ဖြတ်သန်းပြီး နိုင်အာဂရာရေတံခွန်ရှိရာကို တိုက်ခတ်ခဲ့တာကြောင့် အပူချိန်အလွန်အမင်းကျဆင်းခဲ့ကာ ရေတံခွန်တစိတ်တပိုင်းအေးခဲသွားခဲ့ပါတယ်။

ဒီရေတံခွန်မှာ ဒီဇင်ဘာလ (၅) ရက်နေ့က အနုတ် ၂၃ ဒီဂရီသို့ကျဆင်းခဲ့ပါတယ်။နို်င်အာဂရာဟာ ဟာ့ရှူး ရေတံခွန်၊ ဘရိုက်ဒယ်-ဗေးလ် ရေတံခွန်နဲ့ အမေရိကန် ရေတံခွန် တို့ သုံးခုပါ၀င်တဲ့ ရေတံခွန်ကြီးဖြစ် အနံ ၉ ၅၀ မီတာရှိပါတယ်။

ဒီလိုဖြစ်စဉ်မျိုး အရင် ၁၈၄၈ ခုနှစ်မှာ ရေတံခွန်တစ်ခုလုံးရေခဲခဲ့ဖူးပြီး ၁၉၃၆ ခုနှစ်မှာတော့ ဘေရိုက်ဒယ်ဗေလ်း ရေတံခွန်နဲ့ အမေရိကန်ရေတံခွန်တို့ ရေခဲသွားခဲ့ဖူးပါတယ်။

ဒီရေတံခွန်ရဲ့ ရေခဲခဲ့ရတဲ့ပုံကို လူအများကစိတ်ဝင်စားခဲ့ကြပြီး လာရောက်လည်ပတ်ကြည့်ရှုသူတွေလည်း များခဲ့ကြပါတယ်။ 

source - DVB tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။