ရေးဦးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဦးခေါင်းပိုင်းမပါသော ကလေးတစ်ဦးမွေးဖွား

စစ်ကိုင်းတိုင်ဒေသကြီး ရေးဦးမြို့ကုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ နိုဝင်ဘာ ၂၉ ရက်ညနေပိုင်းက မီးဖွားရန် လာရောက်ဆေးကုသခံယူနေသော မြင်းတကျေးဒိုင်နက်ကျေးရွာနေ မိခင်တစ်ဦးမှဦးခေါင်ပိုင်းမပါသော ကလေး(မိန်းကလေး)တစ်ဦးအသက်ရှင်လျက် မွေးဖွားခဲ့ကြောင်းသိရသည်။

မွေးလာသောကလေးငယ်မှာ ဦးခေါင်းပိုင်းမပါသော်လည်း ခြေလက်အင်္ဂါများပါရှိကြောင်း၊ဇီကာဗိုင်းရပ်စ်ရောဂါကြောင့် ဦးခေါင်းမပါသောကလေးငယ်မွေးဖွားခြင်းမျိုးမဟုတ်ကြောင်း ၊ကလေးငယ်မှာ အသားအရေစိုပြေပြီးအခြားရောဂါမတွေ့ရှိကြောင်း၊ ဦးနှောက်မပါ၍ အောက်ဆီဂျင်ပေးထားကာ လိုအပ်သောဆေးကုသမှုများဆောင်ရွက်ပေးထားကြောင်း ကလေးမှာ တစ်ပတ်ခန့်သာအသက်ရှင်နိုင်ကြောင်းဆေးရုံအုပ် ဒေါက်တာစန်းဌေးကပြောသည်။

Credit Tun Tun Thwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။