ငရုတ်ကောင်းဆိုရင် ဟင်းချက်တဲ့နေရာမှာရော၊ တိုင်းရင်းဆေးတွေမှာပါ အသုံးဝင်တဲ့အပင်အမျိုးအစား ဖြစ်ပါတယ်နော်။ ငရုတ်ကောင်းပင်ဟာ နှစ်ရှည်ခံတဲ့ အပင်အမျိုးအစားဖြစ်ပါတယ် ။အပင်ရဲ့ပင်စည်ကြီးဟာ ချောနေပြီး အရွက်ကတော့်ကွမ်းရွက်နှင့် ဆင်တူနေပါတယ်။ အရွက်ထိပ်ပိုင်းချွန်ပြီး အရင်းပိုင်းကတော့ အဝိုင်း(သို့မဟုတ်) အသဲနှလုံးပုံလေးလိုဖြစ်နေပါတယ်။ အရွက်တစ်ရွက်မှာ အရွက်ကြောပေါင်း ၉ ခုထိပါရှိ တတ်ပါတယ်။အနားတွေညီကြပြီး အရွက်ထူးတဲ့အမျိုးအစားပါ။ ငရုတ်ကောင်းအပွင်းတွေဟာ အောက်သို့ ငိုက်ကျနေတတ်ပြီး ပန်းပွင့်လေးများလည်းရှိသည်။ အသီးရဲ့အရောင်ကတော့ အစိမ်းရင့်ရောင်ဖြစ်ပြီး အဖို ပန်းခိုင်နှင့် အမပန်းခိုင်ဆိုပြီး ရှိတတ်သည်။ ပန်းခိုင်အရွယ်အစားမှာ (၂) လက်မမှ (၅) လက်မထိရှည်တတ် သည်။ ရင့်မှည့်ရင်တော့ လိမ္မော်ရောင်မှ အနီရောင်အဖြစ်ပြောင်းသွားတတ််သည်။ တစ်ခိုင်လျှင် အသီး ၂၀ မှ ၈၀ အထိသီးတတ်ပါတယ်။ ခြောက်သွေ့သွားမှ အနက်ရောင်အဖြစ်ပြောင်းသွားကာ စူးရှတဲ့အနံကိုရရှိပါ တယ်။

ငရုတ်ကောင်းစိုက်ပျိုးနိုင်တဲ့ဒေသတွေကတော့ ကမ်းရိုးတန်း ၊ကရင်ပြည်နယ်၊ ရခိုင် ၊တနသာင်္ရီ ဒေသတို့ တွက်စိုက်ပျိုးဖြစ်ထွန်းပါတယ်နော်။မိုးရေချိန်ကတော့ ၆၀ လက်မအထက်ပိုမှ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ သက်တမ်း ၃ -၄ နှစ်မှစပြီး အသီးသီးသော်လည်း ၆ နှစ်လောက်မှ သီးကောင်းထွက်ပါတယ်။ အသီးကို ဆွတ်ခူးပေးရမဲ့ ရာသီကတော့ တပေါင်းလ မှ ကဆုန်လ အတွင်းဖြစ်ပါတယ်နော်။ မှည့်ပြီးဖြစ်တဲ့ အသီး ကိုတော့ ခြောက်အောင်နေလှန်းပေးရပါတယ်။ ငရုတ်ကောင်းရဲ့အစွမ်းသတိတွေကတော့ ဝမ်းမီကိုတောက် စေပါတယ်။ခံတွင်းကောင်းစေပါတယ်။ သလိပ်ကြေစေတယ်။ သွေးကိုကြွစေတယ်။ နို့တိုက်မိခင်တွေ အတွက် နို့ရည်ကောင်းကောင်းထွက်စေပါတယ်။ ငရုတ်ကောင်းစေ့ကို အမှုန့်လုပ်ပြီး ပျားရည်နဲ့ ရောကာ လျက်ပေးပါက ချောင်းဆိုခြငး်၊ ပန်းနာရင်ကျပ်ခြင်းတို့ကို သက်သာပျေက်ကင်းနိုင်ပါတယ်။အဆင်မပြတ် ဝမ်းပျက်ရောဂါအတွက် ရှိန်းခို၊ ဘိန်းတို့နှင့် ရောသောက်ပါက ပျေက်ကင်းစေပါတယ်။

ကြက်မျက်သင့်တဲ့ဝေဒနာတွေအတွက် ဒိန်ချဉ်နှင့်ရောပြီး အနည်းငယ်မျက်စင်းခပ်ပေးပါက ပျေက်ကင်း နိုင်ပါတယ်။ ငရုတ်ကောင်းကို အမှုန့်ကြိတ်ပြီး ကြံသကာ၊နှင့်ရောာစားပါက နှာခေါင်းသွေးလျှံခြင်း၊ သွေးယိုစီး ခြင်း၊နှာစေးခြင်းတို့ပျေက်ကင်းနိုင်ပါတယ်။ခွေးရူးအဆိပ်ပြေစေရန် ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ ရော ပြီး အသင့်အတင့်စားပေးပါက အဆိပ်ပြေစေပါတယ်။ လိပ်ခေါင်းရောဂါ လေရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊တို့အတွက် ငရုတ်ကောင်းကိုစားပေးခြင်းဖြင့် ပျေက်ကင်းနိုင်ပါတယ်။နှလုံးတုန် မောပန်၊ လေထိုး လေအောင့် ဝေဒနာတွေအတွက် ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့် ရောလျက်ပေးပါပျေက်ကင်းပါတယ်။ ဒါကြောင့် ငရုတ်ကောင်းဟာ လူသားတွေအတွက်များစွာအသုံးဝင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါ တယ်။အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Source : မြန်မာ့ဆေးဝါးပင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။