ကော်ဖီကို လိုတာထက် ပိုပြီး သောက်တဲ့ အခါ ကျန်းမာရေး ဆိုးကျိုးများ ရရှိစေနိုင်ပါတယ်။ ထို့အပြင် ကော်ဖီမစ်တွေကို နေ့စဉ် သောက်သုံးနေသူများ အတွက်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီကို ကြိုက်နှစ်သက်သူတွေအတွက် ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်ပြီး စွန့်လွှတ်စရာ မလိုဘဲ ကော်ဖီ သောက်နိုင်မယ့် နည်းလမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 

(၁) ကော်ဖီကို နှပ်သောက်ပါ။

ကော်ဖီစေ့ကို ၁၂ နာရီ မှ ၂၄ နာရီ (တစ်ရက်) ကြာ စိမ်ထားပြီးနောက် အရည်များကို ရေစစ်နဲ့ စစ်ယူပါ။ ရလာတဲ့ကော်ဖီ အနှစ်သားကို ကော်ဖီအေးဖြစ်စေ၊ ကော်ဖီပူဖြစ်စေ ဖျော်သောက်လို့ ရပါတယ်။ ထိုကဲ့သို့ ကော်ဖီစေ့ကို ရေထဲစိမ်လိုက်ခြင်းဖြင့် အက်ဆစ်ဓာတ်များထွက်သွားတဲ့အတွက် ရင်ပူရင်ဆာဖြစ်ခြင်းကို သက်သာစေပါတယ်။

(၂) ကော်ဖီစေ့ကိုရေခဲသေတ္တာထဲမထည့်ပါနဲ့။

ကော်ဖီစေ့ကို ရေခဲသေတ္တာထဲထည့်ထားပါက အစိုပြန်ပြီး ကော်ဖီရဲ့ ကောင်းမွန်တဲ့ အာနိသင်များ ပျက်ပြယ်သွားနိုင်တာကြောင့် လေလုံတဲ့ ဖန်ဘူး (သို့မဟုတ်) ကြွေဘူးထဲမှာသာ ထည့်သိမ်းသင့်ပါတယ်။

(၃) ကော်ဖီကြမ်းကိုရွေးဝယ်ပါ

ကော်ဖီမှုန့်အစစ်ကိုသာ ရွေးချယ်သင့်ပါတယ်။ ကော်ဖီကြမ်းလို့ခေါ်တဲ့ နှပ်သောက်ရတဲ့ ကော်ဖီမှုန့်မှာ ပါ၀င်တဲ့ဓာတ်က အစာအိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

ကော်ဖီကြိုက်သူများအတွက် ကော်ဖီ သောက်တဲ့အခါ ကော်ဖီကြမ်းကိုသာ ရွေးချယ်ပြီး ကော်ဖီမစ် သောက်သုံးခြင်းကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အဆိုပါ နည်းလမ်းများကို သိရှိပြီးနောက် ကော်ဖီသောက်ခြင်းဖြင့် ကျန်းမာရေး ဆိုးကျိုးများ မရရှိဘဲ ကျန်းမာရေး ကောင်းကျိုးများကိုသာ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Dr. မျိုးမြမြဆွေ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။