ဇန်နဝါရီ ၇ ရက်နေ့ ရန်ကုန်-မြဝတီ လမ်းမပေါ်ရှိ စစ်ဆေးရေးစခန်းတစ်ခုတွင် စစ်ဆေးနေစဉ် တရားမဝင် သယ်ဆောင် လာသော ကွမ်းစားဆေး များစွာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။မရမ်းချောင် အမြဲတမ်း စစ်ဆေး ရေးစခန်း တွင် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများဖြစ်တဲ့ ကွမ်းစားဆေး ကျပ် ၃သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။အဆိုပါ တရားမဝင် ကွမ်းစားဆေး များစွာကို ဆိုင်ကယ်ကယ်ရီများဖြင့် သယ်ဆောင်လာတာ ဖြစ်တယ်လို့ စစ်ဆေး ရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ 

အဆိုပါ ဆိုင်ကယ်ကယ်ရီးများကို တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ကန့်သတ်ကုန်ပစ္စည်းဖြစ်တဲ့ ကွမ်းစား ဆေး(Sagar) (50g)(1x10x40) 6 Pkgs စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၁၈ဝ သန်းကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ ကလည်း ရေပူစစ်ဆေးရေးစခန်းတွင် တရားမဝင်ကုန်စည် တားဆီးမှုနှစ်မှုဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုး ၂ ဒသမ ၂၁၇ သန်း ခန့်ရှိတယ်လို့ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။လက်ရှိ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် တရားမဝင် ကုန်စည်တားဆီးမှုနှစ်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၅၃ဝ သန်းခန့် စုစုပေါင်း တားဆီး မှုလေးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၇၄၇ သန်းခန့် သိမ်းဆည်းရမိခဲ့တယ်လို့ ၎င်း ကပြောပါတယ်။

ရန်ကုန်-မြဝတီ လမ်းတစ်လျှောက် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ် ရေးအတွက် အလေးပေး ဆောင်ရွှက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။၂ဝ၁၇ ခုနှစ် မတ် ၁ ရက်မှ စတင်ပြီး တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ် ရေးအတွက် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းတို့ကို ဖွင့်လှစ်ခဲ့ကာ စစ်ဆေးဆောင်ရွှက်မှုများပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။