Myanmarload ရဲ့ချစ်ပရိတ်သတ်ကြီအတွက် အခုအခါတင်ဆက်ပေးမှာကတော့တေးသံရှင်မလေး Sophia Everest ပဲဖြစ်ပါတယ်။ သူမကတော့ Myanmar Idol မှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ ပရိတ်သတ်တွေ ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော်မလေးတစ်ဥိးပဲဖြစ်ပါတယ်။သူမရဲ့ ထူခြားလှတဲ့ အသံကာလာနဲ့ ဆန်းသစ်တဲ့ဆိုပေါက်တွေက နားထောင်ရသူတိုင်းကို စွဲမက်သွားစေနိုင်ပါတယ်။ 

Sophia ကတော့ အနောက်တိုင်းဆန်ဆန် fashion တွေကို ရွေးချယ်ဝတ်ဆင်လေ့ရှိပြီး သူမရဲ့ စတိုင်ကထူခြားပြီး လိုက်ဖက်မှုရှိလှတဲ့ ရှုမြင်ရသူ ပုရိသတိုင်းတဲ့ နှလုံးအိမ်ကို လှုပ်ခတ်သွားစေနိုင်လောက်အောင် ညှိုု့ချက်ပြင်းထန်လှပါတယ်။ ပြုံးရယ်တဲ့အခါမှာ လည်း ဟန်ဆောင်မှုကင်းမဲ့လှပြီး ပိုးပုတုန်းလေးသဖွယ် အပြစ်ကင်းစင်လှပါတယ်။ သူမရဲ့အသံကလည်း သူမရဲ့ချစ်ပရိတ်သတ်ကြီးအတွက်တော့ နိုက်တင်ဂေး ငှက်လေးသဖွယ်သာယာနာပျော်ဖွယ်ကောင်းလှမယ်လို့ထင်ပါတယ်။  

Sophia ကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ များစွာလုပ်ကိုင်နေပြီး အနာဂတ်တွေတောက်ပနေတဲ့ အဆိုတော်မလေးတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့နာမည်ကြီးသီချင်းတွေများစွာထဲကမှ Crush on you သီချင်းနဲ့ တေးသံရှင် မိုးထက်နဲ့ သီဆိုထားတဲ့ Ha Ha Ha သီချင်းကတော့ ပရိတ်သတ်တွေအကြိုက်တွေ့မယ့်သီချင်းတွေဖြစ်မယ်လို့ထင်ပါတယ်။ Myanmarload ပရိတ်သတ်ကြီးထဲမှာလည်း Sophia ကိုအားပေးတဲ့ ပရိတ်သတ်တွေ များစွာရှိနေနိုင်တဲ့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 

source - Sophia Everest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။