ရုပ်ရှင်သရုပ်ဆောင် မင်းသမီး စိုးမြတ်နန္ဒာကတော့ သူမ သိပ်ချစ်ပြီး ခေးလေးလို့ ချစ်စနိုးခေါ်တဲ့ ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆွမ်းကျွေးအလှူလေးကို နယ်ကနေ ရန်ကုန်ကို အမှီရောက်လာခဲ့တယ်လို့ ဆိုပါတယ်..။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၄)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာပွဲကို လာချင်ပေမယ့် အလုပ်တွေ မအားတာကြောင့် စိုးမြတ်နန္ဒာတစ်ယောက် မင်္ဂလာပွဲကို မတတ်ရောက်နိုင်ခဲ့ပါဘူး..။

ယနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခေးလေးတို့ မင်္ဂလာဆွမ်းကျွေးအလှူလေးကိုတော့ မလုပ်တွေ မအားပေမယ့်လည်း နယ်ကနေ ရန်ကုန်ကို အရောက်ပြန်လာခဲ့တယ်လို့ သိရပါတယ်..။

ယနေ့ ဇန်နဝါရီ(၈)ရက်နေ့မှာ မ၈ၤလာဆွမ်းကျွေး အလှူလေးကို အမှီရောက်အောင် လာခဲ့တဲ့အကြောင်းကို စိုးမြတ်နန္ဒာက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားမျှဝေထားတာ တွေ့ရပါတယ်..။

“ခေးလေး မင်္ဂလာဆွမ်းကျွေး အမှီ ... ရန်ကုန် ပြန်ရောက်ပါပြီ..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ တင်ပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

မင်္ဂလာဆွမ်းကျွေးအလှူလေးကိုတော့ စိုးမြတ်နန္ဒာက သူမရဲ့ ချစ်သူ စိုးသူနဲ့ နှစ်ယောက်အတူ ပွဲကို တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

ဆွမ်းကျွေးအလှူလေးကို စိုးသူနဲ့ နှစ်ယောက်အတူ ပွဲတတ်လာတဲ့ သူတို့ ပုံရိပ်လေးတွေကတော့ တကယ်ကို ကြည့်ကောင်းနေတာ တွေ့ရပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေကလည်း နှစ်ယောက်သား လိုက်ဖက်ညီပြီး ကြည့်ကောင်းတဲ့ စုံတွဲလေးပါပဲဆိုပြီး Comment များပေး ရေးသားထားတာကိုလည်း တွေ့ရပါတယ်..။

စိုးမြတ်နန္ဒာနဲ့ စိုးသူတို့ နှစ်ဦးဟာ လတ်တလောမှာ အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် ဘာသာရေးနဲ့ ပရဟိတအလှူအဒါန်းတွေကိုလည်း နှစ်ယောက်အတူမကြာခဏလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်..။

လတ်တလောမှာ စိုးသူက အနုပညာအလုပ်တွေ သိပ်မလုပ်တော့ပေမယ့် စိုးမြတ်နန္ဒာကတော့ မကြာခင် ထုတ်လွှင့်ပြသမယ့် တပ်မတော် ဂုဏ်ပြုဇာတ်ကားဖြစ်တဲ့ “စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

Source - စိုးမြတ်နန္ဒာ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။