၂၀၁၈ မှာပရိသတ်သဘောကျစေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့အတွက် နန်းမြတ် တစ်ယောက်ကတော့ ကြိုးကြိုးစားစားသရုပ်ဆောင်နေပါတယ်။ ဒါရိုက်တာရာဇဝင် ကိုရိုက်ကူးမယ့် “ လင်ကြောက်ရွာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ယောက်ျား ကြောက်ရတဲ့ မဖော့တစ်ယောက်အဖြစ် အခြားနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့အတူ ဘယ်လိုမျိုးဟာသသရုပ်ဆောင်ကွက်များနဲ့ ရယ်မောပျော်ရွှင်စေမလဲ ဆိုတာကို တူတူစောင့်ကြည့်ရ အောင်နော် ။

ဒီလိုပုံရိပ်ကလေးတွေနဲ့ ဇာတ်ကားကြီးနာမည်တစ်ခုနဲ့တင် ရယ်မောချင်စရာကောင်းနေပါပြီ။ ဒါကို ဟာသသရုပ်ဆောင်ပေါင်းများစွာနဲ့ ရယ်မောစရာလေးဖြစ်အောင် ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာမို့ ပရိသတ်ကြီးသဘောကျမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုဖြစ်မှာ အသေအချာပါ။

ပူပူနွေးနွေးလက်ထပ်ထားတဲ့ နန်းမြတ်တစ်ယေက်တော့ ကားရိုက်ကြောင့် နယ်ကိုရောက် ရှိနေပေမယ့်လည်း ခင်ပွန်းဖြစ်သူကို လွမ်းနေတဲ့ပုံပါ။ ယခုတလောမှတော့ ချစ်ရသူကိုအချိန်မပေးနိုင်ပဲ အနုပညာအလုပ်နဲ့သာ အချိန်ကုန်ဖြစ်နေခဲ့တာပါ။ သူမချစ်တဲ့ဒီအလုပ်တွေကို အကောင်းဆုံးချပြသွားအုံးမှာပါဆိုတဲ့ နန်းမြတ်ကလေး ပိုပြီးချစ်ပေးလိုက်ရအောင်နော်။

Source – Nann Myat Phyo Thin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။