သင်္ဘောသီး ဟာလူကိုကျန်းမာစေပြီး အသက်ရှည်ရောဂါဝေဒနာများ ပျေက်ကင်းနိုင်ပါတယ်။ သင်္ဘောသီး အစိမ်းရည်ကို သကြားအနည်းငယ်နှင့်ရောစပ်ကာ တစ်နေ့ ၃ ကြိမ်သောက်ပေးပါက သရက်ရွက်ကြီးခြင်း၊ အသည်းကြီးခြင်း တွေကိုသက်သာပျေက်ကင်းနိုင်ပါတယ်။ ဝမ်းပျက်ခြင်းတွေအတွက် သင်္ဘောသီးနုနုကို အခြောက်လှမ်း အမှုန့်လုပ်ပြီး စားသော်ပျောက်၏။ ဆီးအတွက်ကတော့ သင်္ဘောသီးဝမ်းပျဉ်းကို ဟင်းချက် စားခြင်း၊သနှပ်လုပ်စားပေးပါက ဆီးရွင်စေပါတယ်။ ကင်းကိုက်ခံရခြင်းတို့အတွက် သင်္ဘောသီးစိမ်းကို လှင်္ီးဖြတ်ပြီး ထွက်လာတဲ့ အစီရည်ကိုသုတ်လိမ်းပေးပါက အဆိပ်ပြေစေပါတယ်။ ဆုံဆို့နာတွေအတွက် သင်္ဘောသီးနုနုကို ဆားနှင့် တို့စားပါကပျေက်ကင်းနိုင်ပါတယ်။ သင်္ဘောသီးမှည့်ကို မနက်စာ စားပေးပါက ဝမ်းချုပ်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ဝမ်းဗိုက်လေထိုးခြင်းတိို့ကို သက်သာစေနိုင်ပါတယ်။ မိခင်လောင် တွေအတွက် နို့ထွက်အားကောင်းစေရန် သင်္ဘောသီးမှည့်ခါနီးကို ငါးဟင်းနဲ့ ဟင်းချိုလုပ်သောက်ပေးပါ၊

အထူးသတိပြုရန် ကိုယ်ဝန်ဆောင်များအနေဖြင့် သင်္ဘောသီးအစိမ်းကို ဒီတိုင်းမစားပါနှင့် (စားသုံးမိပါက ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာလေးတွေရှိကြောင်) တွေ့ရှိရပါတယ်။ သင်္ဘောသီး အစိမ်းကို ပါးစပ်အနာ၊ အရည်ပြားပေါ်ပြည်တည်နေသောအနာ၊ ရောင်ရမ်းနာ များပေါ်တွင်သုတ်လိမ်းပေးပါ သက်သာစေပါတယ်။

ဘင်္ဘေသီးစေ့ကို ချင့်ချိန်၍ စားပေးပါက သန်ကောင်များကျစေပါတယ်။ (သန်ကောင်ကျစေရန် အစေ့မှုန့်ကိုဇွန်းတစ်ဝက် နှင့်ရေနွးရောကာ မနက်စောစောအစာမစားခင် သောက်ပေးပါ) (ထန်းလျက်ဖြင့် စားပေးပါကလည်း သန်ကျစေပါတယ်) ဘက်တီးရီယား ကြီးထွားမှုကိုဟန့် တားနိုင်စေရန် သင်္ဘောသီးစေ့ ခြောက်ကို ကြိတ်ပြီး ငရုတ်ကောင်းမှုန့်ကဲသို့ အသုံးပြုပေးနိုင်ပါတယ်။ မှိုရောဂါတွေကိုလည်း သေစေနိုင် ပါတယ်။ ကို်ယ်ဝန်ဆောင်မဟုတ်တဲ့အမျိုးသမီး တွေအတွက် ရာသီသွေးစီးဆင်မှုကောင်းမွန်စေပါတယ်။ အစာမကြေလေနာအတွက် နွားနို့သကြားခဲရရာ နှင့်စားပါက လူလတ်တွေအတွက် ကောင်းကျိုးဖြစ် ထွန်းစေပါတယ်။ သင်္ဘောစေးဟာ ရေနွေးပူလောင်ခြင်း၊ ကြွက်နို့ အသားမာ၊မှည့်ခြောက်တွေပေါ်သုတ်လိမ်း ပေးပါက ပျေက်ကင်းနိုင်ပါတယ်။ သင်္ဘောသီးစေးက ဓာတ်မတည့်တဲ့သူတွေရှိတဲ့အတွက် သတိထားသုံး စေချင်ပါတယ်။

နားအူလေထွက်ရောဂါအတွက် အရွက်ကိုမီးအုံပြီး လက်ဖက်ထဲထည့်စားပါက ပျေက်ကင်းနိုင်ပါတယ်။ ငှက်ဖျားရောဂါ၊သွေးလွန်တုတ်ကွေး ရောဂါအတွက် သင်္ဘောရွက်ကို ထုထောင်းအရည်ညှစ်ကာ တစ်နေ့လျင် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့် သောက်ပေးပါက သက်သာစေပါတယ်။ ဆေးလိပ်ဖြတ်ချင် တဲ့သူတွေ သင်္ဘောရွက်ကို လိပ်ကာဆေးလိပ်ကဲ့သို့သောက်ပေးပါက အသက်ရှုခြင်းသက်သာစေပါတယ်။ အော့အန်နေသူတွေ သင်္ဘောရွက်ကိုစားပေးပါနော်။ အားလုံးပဲသင်္ဘောပင်ရောအသီးရော အသုံးဝင်ကြပုံ ကိုသိရှိလောက်ပြီးထင်ပါတယ်။ အားလုံးပဲကျန်းမာကြပါစေနော်။

Source : သင်္ဘောစိုက်ပျိုးနည်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။