ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်လက်ဖြစ်တဲ့ ပါးချိုင့် မင်းသမီးလေး အေးမြတ်သူကတော့ သူမရဲ့ အချစ်နဲ့ အလှအပရေးရာ ကျင့်စဉ်လေးတွေကို ပရိသတ်တွေကို ပြောပြလာပါတယ်..။

အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ သူမကတော့ အခုတစ်ခေါက်မှာလည်း သူမရဲ့ အလှအပရေးရာ အကြောင်းနဲ့ အချစ်ရေးအကြောင်း လျှို့ဝှက်ချက်တွေကို ပရိသတ်တွေကို ပြန်လည်မျှဝေတားတာ ဖြစ်ပါတယ်..။

သူမကတော့ ချစ်သူကိုလွမ်းရင် Gym ကစားပါတယ်တဲ့.. ချစ်သူကိုလည်း အလွမ်းပြေတယ်.. စိတ်ဓာတ်လည်း တတ်ကြွပြီး ပိုပိုလှလာလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း ပိုရှိလာတယ်လို့ ဆိုပါတယ်..။

ချစ်သူကို လွမ်းရင် Gym ဆော့တယ်.. ချစ်သူကို စိတ်ဆိုးရင် ရေတွေအများကြီးသောက်တယ်.. ချစ်သူနဲ့ စကားမပြောရင် Spa သွားတယ်.. ဆိုပြီးလည်း ချစ်စဖွယ် ပြောပြထားပါသေးတယ်..။

အဲ့ဒီအကြောင်းကိုတော့ မင်းသမီးချော အေးမြတ်သူက သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

“ချစ်သူကိုလွမ်းလို့ gym သွားတယ်ဆို ချစ်ရသူ ဘာပြောမလည်းကွယ်.. gym သွားရင် ချစ်သူကိုအလွမ်းပြေတယ်.. စိတ်ဓာတ်တက်ကြွတယ်.. ပိုလှလာလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာတယ် ရှင့်..

ချစ်သူက ိုလွမ်းရင် gym ဆော့တယ်.. ချစ်သူကို စိတ်ဆိုးရင် ရေတွေအများကြီး သောက်တယ်..

ချစ်သူနဲ့ စကားမပြောရင် Spa သွားတယ်.. မမြတ်လေး၏ အချစ်နှင့် လှပရေးရာ ကျင့်စဉ်ပါရှင့်..” ဆိုပြီး ဓာတ်ပုံလေးတွေတင်ပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ပျိုမေလေးတွေအတွက်တော့ အလွမ်းလည်း ပြေပြီး လူလည်း လှစေတဲ့ သူမရဲ့ အချစ်နဲ့ အလှအပရေးရာ လျှို့ဝှက်ချက် နည်းလမ်းကောင်းလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Source - အေးမြတ်သူfb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။