ရန်ကုန်ပထမဆုံးပြုလုပ်တဲ့ကလေးစာပေပွဲတော်ကိုမအေးသောင်းတစ်ယောက်ရောက်ရှိခဲ့ပြန်ပါပြီးချစ်ရတဲ့ဖေဖေနဲ့အတူသွားရောက်ခဲ့တာဖြစ်တယ်လို့သူမရဲ့လူမှုကွန်ယက်မှာရေးသားထားတာပဲဖြစ်ပါတယ်ကလေးစာပေပွဲတော်မှာကလေးလေးတစ်ယောက်လိုလွတ်လပ်ပေါ့ပါးစွာစာအုပ်လေးနဲ့ရွေးနေတာကတော့တကယ်ကိုချစ်စရာကောင်းလှပါတယ်။ 

သူမရဲ့လူမှုကွန်ယက်မှာတော့"အဖေခေါ်သွားတဲ့ကလေးစာပေပွဲတော်"ဆိုတဲ့စာလေးတွေနဲ့အတူချစ်စရာပုံရိပ်လေးတွေမျှဝေထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးစာပေနဲ့ပတ်သက်တဲ့စကားပုံလေးတွေရေးသားထားပါသေးတယ်။"စာအုပ်စာပေလူမိတ်ဆွေ,အလိမ္မာစာမှာရှိ,ပညာရွှေအိုးလူမခိုး"စတဲ့စကားပုံလေးတွေရေးသားထားပြီးနောက်ထပ်စာပေနဲ့ပတ်သက်တဲ့စကားပုံလေးတွေဘာတွေရှိသေးလဲလို့ချစ်ပရိသတ်တွေကိုမေးလိုက်တာပဲဖြစ်ပါတယ်။ 

ချစ်ပရိသတ်တွေကလည်းသူမရဲ့ပိုစ့်လေးအောက်ကနေ"နှုတ်တစ်ရာစာတစ်လုံး,ပညာရဲရင့်ပွဲလည်တင့်"စတဲ့စကားပုံလေးတွေကိုအပြန်အလှန်ရေးသားခဲ့ကြပြီးစာပေပွဲတော်ရဲ့အဓိပ္ပါယ်ကိုပိုမိုလေးနက်စေခဲ့တာပဲဖြစ်ပါတယ်ကလေးစာပေပွဲတော်ကိုလာကြတဲ့ချစ်စရာဘေဘီလေးတွေနဲ့အတူအမှတ်တရဓာတ်ပုံလေးတွေလည်းရိုက်ကူးခဲ့ပြီးအရမ်းကိုပျော်နေတာပဲဖြစ်ပါတယ်မအောင်းသောင်းရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်းချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - မအေးသောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။