မော်ဒယ် သရုပ်ဆောင် ဘုဏ်းသိုက်ကတော့ သူငယ်ချင်းရဲ့ မင်္ဂလာပွဲကို ဆန်းဆန်းပြားပြားလေးတက်ရောက်ခဲ့ပါတယ် ။

မင်္ဂလာပွဲတက်ဝတ်စုံကို အိန္ဒိယရိုးရာ ၀တ်စုံလေး ဆင်မြန်းသွားခဲ့တာပါ ။ ပါးသိုင်းမွှေးတွေနဲ့ ယောကျာင်္းဆန်ဆန် ချောမောတဲ့ မင်းသား တစ်လက် မို့ အိန္ဒိယဝတ်စုံလေးကလည်း သူနဲ့ တစ်မျိုးတစ်ဖုံလိုက်ဖက်လို့နေတာကိုတွေ့ရမှာပါ ။ 

" Congratulations Robin & Rasathi !

သူငယ်ချင်း ရဲ့ မင်္ဂလာပွဲအတွက် အမှတ်တရ !

ဘဝမှာ အခုလို

အိန္ဒိယ ရိုးရာဝတ်စုံကို ပထမဦးဆုံးအကြိမ်

မှတ်မှတ်ရရ မြတ်မြတ်နိုးနိုး နဲ့

ဝတ်ပြီး ပွဲတက်ဖူးခြင်းပါ ...။

သူများတွေ ပြောသလို ပြောရရင်တော့...

မသိဘူး ပျော်တယ်..။

ကြည်နူးတယ် ..။ " လို့ဆိုပြီး သူငယ်ချင်းကို ဆုတောင်းပေးရင်းနဲ့ သူ့ရဲ့ ဖီလင်လေးကိုပါပြောပြခဲ့ပါတယ် ။ 

ဘုဏ်းသိုက်ကတော့ ရသစာလေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ တစ်ခါတစ်လေ ရေးသားတတ်သူဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ် ။ မကြာသေးခင်က ဇနီးသည်ဖြစ်သူချမ်းချမ်းနဲ့ ကွာရှင်းပြတ်စဲခြင်းသတင်းတွေ အွန်လိုင်းစာမျက်နှာတွေပေါ် ပျံနှံခဲ့ပြီး ခုချိန်မှာတော့ သူငယ်ချင်းလို ဆက်ဆံမှုမျိုးရှိတယ်လို့ ချမ်းချမ်းက အင်တာဗျူးတွေမှာဖြေဆိုထားပါတယ် ။

ချမ်းချမ်းနဲ့ မြမိုးဂဂါင်္ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပြီး သမီးလေးကတော့ မိခင်ဖြစ်သူနဲ့နေပြီး ဖခင်ဖြစ်သူ ဘုဏ်းသိုက်နဲ့လည်း မကြာခဏတွေ့ခွင့်ပေးတယ်လို့ သိရပါတယ် ။ 

သတင်းအရင်းမြစ် Bhone Thaik

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။