ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့လို့ အောင်မြင်ခဲ့တဲ့ MRTV 4 ကဇာတ်လမ်းတွဲတစ်ခုကတော့ အမုန်းမှသည် ဇာတ်လမ်းတွဲပါ ။ ထိုင်းမှာအောင်မြင်ခဲ့တဲ့ ဇာတ်ကားကိုပြန်ရိုက်ထားတာမို့ ဇာတ်လမ်းကလည်း ပြောစရာမလိုအောင် ကောင်းမွန်ပြီး မြန်မာမင်းသားမင်းသမီးတွေကလည်း သရုပ်ဆောင်ကောင်းကြတာမို့ ပရိတ်သတ်တွေ သဘောကျအားပေးခဲ့ပါတယ် ။ 

အဲဒီ ဇာတ်လမ်းထဲက မင်းသား မင်းသမီးအတွဲလေးတွေကို လိုက်ဖက်လို့ တွဲပြီးအားပေးတဲ့သူတွေလည်း တစ်ပုံကြီးပါပဲ ။ သူတို့အားလုံးကလည်း ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေမို့ ဇာတ်လမ်းထဲမှာတင်မက ဇာတ်လမ်းအပြင်မှာပါ နွေးနွေးထွေးထွေးရှိကြပါတယ် ။ ဇာတ်လမ်းတွဲပြီးသွားတဲ့နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေလုပ်ရင်း တစ်ခါတစ်လေ ပြန်ဆုံတဲ့ရိုက်ကွင်းတွေ ရှိပြီး 

အခုဆို မြင်ကွင်းမဂ္ဂဇင်းအတွက် အမုန်းမှသည်က မင်းသားမင်းသမီး ၄ ယောက်စလုံး ဓါတ်ပုံတွေရိုက်ကူးပေးနေတာကိုတွေ့ရပါတယ် ။ ပုံတွေကတော့ အလန်းတွေချည်းပါပဲ ။ အမုန်းမှသည် ပရိတ်သတ်တို့အတွက် အလွမ်းပြေ မျှဝေပေးလိုက်ပါတယ် ။ သူတို့ လေးယောက်ကို သဘောကျကြလား ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Hsung Wut Ye May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။