မြန်မာနေရှင်နယ်လိဂ်ဆိုတာမြန်မာ့ဘောလုံးလောကကို

ကျားကန်ပေးနေတဲ့ပြိုင်ပွဲကြီးတစ်ခုပါ။မြန်မာနေရှင်နယ်လိဂ်

ပြိုင်ပွဲကြီးကျင်းပနိုင်အောင်ကလပ်အသင်းတွေကိုတည်ထောင်

ပေးကြတဲ့နေရှင်နယ်လိဂ်ကလပ်တွေရဲ့အသင်းပိုင်ရှင်တွေဟာလည်းအလွန်လေးစားစရာကောင်းတဲ့လူတွေပါ။

အသင်းဝင်ငွေများများစားစားမရှိပဲနှစ်တိုင်းလိုလိုအိတ်စိုက်ပေးနေကြတဲ့

ဒီလူတွေဟာတကယ့်ကိုကျေးဇူးတင်သင့်သူတွေပါ။

သူတို့တွေရဲ့တစ်ခုတည်းသောမျှော်မှန်းချက်ကမြန်မာ့ဘောလုံးလောကတိုးတက်ရေးပါ။

စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုမနေ့ကဖြစ်သွားခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ရဲ့

ခေါင်းကိုင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ဦးသူရိန်ဟာသူချစ်တဲ့မြန်မာ

ဘောလုံးလောကကိုအပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ဦးသူရိန်ကွယ်လွန်သွားတဲ့အချိန်မှာ

သူ့အသက်ဟာအသက်လေးဆယ်ပဲရှိသေးလို့မွန်းတည့်ချိန်မှာနေဝင်ခဲ့တယ်လို့ပြောလို့

ရပါတယ်။ဦးသူရိန်ဟာစစ်ကိုင်းတိုင်းကိုယ်စားပြုဇေယျာရွှေမြေ

ဘောလုံးအသင်းရဲ့ပိုင်ရှင်ပါ။ဇေယျာရွှေမြေအသင်းဟာ

ပြသနာတစ်ချို့ကြောင့်မနှစ်ကဘောလုံးရာသီကစပြီးနေရှင်နယ်လိဂ်ကနေနှုတ်ထွက်ထားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းကပရိသတ်တွေကတော့ဇေယျာရွှေမြေအသင်း

နေရှင်နယ်လိဂ်မှာပြန်လည်ပါဝင်လာမယ်လို့ထင်နေကြဆဲ။

ဒါပေမယ့်အခုအခါမှာတော့ဇေယျာရွှေမြေအသင်းရောဇေယျာ

ရွှေမြေပိုင်ရှင်ဦးသူရိန်ပါပရိသတ်ကိုထာဝရနှုတ်ဆက်သွားခဲ့

ပြီလို့ဆိုရမှာပါ။စိတ်ကောင်းနှလုံးကောင်းရှိတဲ့ဦးသူရိန်ကို

ဆုံးရှုံးရတာဟာမြန်မာ့ဘောလုံးလောကအတွက်လည်း

နစ်နာစေပါတယ်။သူဟာမြန်မာ့ဘောလုံးလောက

တိုးတက်ရေးအတွက်ဘယ်နေရာကပါရပါရဆိုတဲ့လူစားမျိုးပါ။

RIPပါဦးသူရိန်။ကောင်းရာသုဂတိလားပါစေ။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။