ပြည်သူချစ်တဲ့ဇာတ်မင်းသားလေးဖိုးချစ်ဟာဘောလုံးဝါသနာ

ုကြီးမားလွန်းသူပါ။အားလပ်ချိန်တိုင်းမှာလည်းဘောလုံးကန်လေ့ရှိပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဆိုတာသူမျှော်မှန်းခဲ့တဲ့အိမ်မက်တစ်ခုပါ။ဝါသနာနဲ့အသက်မွေးဝမ်းကြောင်း

ထပ်တူမကျခဲ့တဲ့ဖိုးချစ်ဟာသူ့ရဲ့ကလေးဘဝအိမ်မက်ကို

နောက်တစ်နည်းနဲ့အသက်သွင်းခဲ့ပါတယ်။အဲ့တာကတော့

ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းရဲ့ပိုင်ရှင်တစ်ယောက်

ဖြစ်လာရေးပါ။သူတည်ထောင်ခဲ့တဲ့ပရိုဘောလုံးအသင်းက

မဟာယူနိုက်တက်ပါ။မနှစ်ကMNL-2မှာဒုတိယရခဲ့တဲ့အတွက်

မဟာယူနိုက်တက်ဟာဒီနှစ်မှာတန်းတက်ခွင့်ရရှိခဲ့ပါတယ်။

MNL-1မှာသူ့အသင်းကိုစစ်ကိုင်းတိုင်းကိုယ်စားပြုအဖြစ်

သတ်မှတ်ခဲ့ပြီးယှဉ်ပြိုင်တော့မှာပါ။ဖိုးချစ်ကိုယ်တိုင်လည်း

စစ်ကိုင်းတိုင်းကန့်ဘလူသားပါ။အရင်ကစစ်ကိုင်းတိုင်းကိုယ်စား

ပြုအဖြစ်ဇေယျာရွှေမြေအသင်းရှိခဲ့ပေမယ့်အကြောင်းအမျိုးမျိုး

ကြောင့်ဖျက်သိမ်းသွားခဲ့ပါတယ်။နေရှင်နယ်လိဂ်မှာ

တိုင်းနဲ့ပြည်နယ်ကိုယ်စားပြုအသင်းတွေစုံစုံညီညီရှိနေပေမယ့်

စစ်ကိုင်းတိုင်းကိုယ်စားပြုအသင်းမရှိတာကမဖြစ်သင့်တဲ့အရာပါ။ဖိုးချစ်အနေနဲ့လည်းဒီကိစ္စကိုဖီလင်ဖြစ်တယ်လို့ပြောပါတယ်။

ဒါကြောင့်သူပိုင်တဲ့မဟာယူနိုက်တက်တန်းတက်လာတဲ့အခါမှာစစ်ကိုင်းယူနိုက်တက်လို့နာမည်ပြောင်းပြီးစစ်ကိုင်းတိုင်း

ကိုယ်စားပြုအဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

လက်ရှိMNLပထမတန်းအသင်းပိုင်ရှင်တွေဟာစီးပွားရေး

လုပ်ငန်းရှင်ကြီးတွေဖြစ်ပြီးဖိုးချစ်တစ်ယောက်သာဇာတ်မင်း

သားပါ။တစ်နှစ်ကိုသိန်းငါးထောင်လောက်အသုံးပြုရတဲ့

နေရှင်နယ်လိဂ်အသင်းတစ်သင်းကိုဆက်လက်ရပ်တည်ဖို့

ရပ်တည်ဖို့ကြိုးစားရတာသူ့အတွက်အတော်မလွယ်ဘူးလို့

ဖိုးချစ်ကပြောပါတယ်။ဒါပေမယ့်သူ့အနေနဲ့အသင်းကိုရေရှည်

တည်တံ့အောင်ကြိုးစားရုန်းကန်သွားမယ်လို့ကတိပေးခဲ့ပါတယ်။နောက်ပြီးသူ့အနေနဲ့ထပ်ပြောချင်တာစစ်ကိုင်းယူနိုက်တက်

အသင်းကိုဖိုးချစ်ထောင်တဲ့ အသင်းဆိုပြီးမဖြစ်စေချင်ဘူး။ စစ်ကိုင်းတိုင်းရဲ့အသင်းဖြစ်စေချင်တယ်။အားလုံးပါ၀င်တဲ့အသင်းဖြစ်ချင်ပါတယ်တဲ့။ဖိုးချစ်ရဲ့

စစ်ကိုင်းယူနိုက်တက်ကိုအားပေးကြရအောင်လား

ဇေယျာရွှေမြေသားတို ့..........

Source-Sagaing United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။