ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ၀က်စ်ဟမ်းနဲ့ မန်ယူအသင်းတို့ ကစားပွဲမှာတော့ မော်ရင်ဟိုဟာ ဒိုင်လူကြီးကို ပေါက်ကွဲကာ ရေဘူးကန်ခဲ့လို့ FAက မော်ရင်ဟိုကို ကွင်းဘေးမှာ ကြီးကြပ်ခွင့် ၁ပွဲ ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် ယမန်နေ့ညက EFL ဖလားပွဲမှာတော့ မော်ရင်ဟိုဟာ ပွဲကြီးကြပ်ခွင့်မရရှိခဲ့ပါဘူး။ မော်ရင်ဟိုဟာ ပေါ့ဘာ ကို အဝါကဒ်ပြခဲ့တဲ့ ဒိုင်လူကြီး ဂျွန်မော့ကို ဒေါသထွက်ကာ စိတ်မထိန်းနိုင်ဘဲ ရေဘူးကို ကန်ခဲ့ခြင်းဖြစ်ပါတယ်။

FAကတော့ မော်ရင်ဟိုကို ၁ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင် ၁၆၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ မီဒီယာတွေကတော့ ၆ ပွဲအထိ ပြစ်ဒဏ်ခံနိုင်တယ်လို့ ပြောပေမယ့် ၁ပွဲသာ ပြစ်ဒဏ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

မော်ရင်ဟိုက ပြစ်ဒဏ်ကို အယူခံမဝင်သောကြောင့် EFLပွဲမှာ ၀က်စ်ဟမ်းနဲ့ပြန်တွေ့ကစားရတဲ့အခါ ပွဲကြီးကြပ်ခွင့်မရခဲ့ပါဘူး။ နောက်ပွဲတွေမှာတော့ နည်းပြမော်ရင်ဟို အနေနဲ့ အနီးကပ် ကြီးကြပ်ခွင့်ရတော့မှာဖြစ်ပါတယ်။ EFL ပွဲမှာတော့ မန်ယူအသင်းဟာ ၀က်စ်ဟမ်းအသင်းကို ပေါက်ကွဲကာ ၄ဂိုး ၁ဂိုး ထိ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Photo - Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။