အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို သမီးလေးနဲ့အတူ အလည်သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်..။

နေပြည်တော်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဝင်းထိန်ရဲ့သား မင်္ဂလာပွဲကို သွားရင်း ဇန်နဝါရီ(၈)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက်လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်..။

နေပြည်တော် ခရီးစဉ်လေးကတော့ အနဂ္ဂနဲ့ သံသာဝင်းတို့ သမီးဦးလေးရဲ့ ပထမဆုံး ခရီးစဉ်လေး ဖြစ်တယ်လို့လည်း ဆိုပါတယ်..။

အမေဒေါ်အောင်ဆန်းစုကြည်ဆီ သွားရောက်လည်ပတ်ခဲ့တဲ့ အကြောင်းကို သံသာဝင်းက သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားပြောထားတာ တွေ့ရပါတယ်..။

“ဒီနေ့တော့ သမီးလေး ဖွားဖွားစုဆီ လည်လည်သွား

What a great honour! Thank you Aunty..” ဆိုပြီး ဓာတ်ပုံလေးတွေတင်ပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

အနဂ္ဂကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ “သမီးလေးရဲ့ ပထမဦးဆုံးခရီး ဖွားဖွားစုဆီ လည်လည်သွား..” ဆိုပြီး သမီးလေးရဲ့ ပထမဆုံး ခရီးစဉ်အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

မိသားစုလိုက် အမေဒေါ်အောင်ဆန်းစုကြည်ဆီ အလည်သွားခဲ့ကြတာ ဖြစ်ပြီး ကလေးငယ်ငယ်လေးကို အမေဒေါ်အောင်ဆန်းစုကြည် ပွေ့ပိုက်ထားပုံကလည်း တကယ်ကို ကြည်နူးစရာ မြင်ကွင်းလေးပါ..။

အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံကတော့ ချစ်သူသက်တမ်းလေးနှစ်အကြာ (၂၀၁၂)ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး သမီးဦးလေးကိုတော့ (၂၀၁၇)ခုနှစ် နိုဝင်လာကုန်ခါနီးလောက်မှာ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

ဒီတစ်ခေါက်မှာတော့ ချစ်စရာကောင်းတဲ့ သူတို့ မိသားစုလေးနဲ့အတူ အမေဒေါ်အောင်ဆန်းစုကြည်ဆီ အလည်အပတ်သွားရောက်ခဲ့တဲ့ သမီးရဲ့ ပထမဦး ခရီးစဉ်ဖြစ်တဲ့ ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

Source - အနဂ္ဂ၊ သံသာဝင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။