ကိုလံဘီလံနိုင်ငံသားတစ်ယောက်ဟာ ညစ်ပတ်ပေရေနေတဲ့ မြေအောက်မှာ သူနဲ့ သူ့ဇနီး၊ သူတို့ခွေးလေး အတူနေဖို့အတွက် ကောင်းကောင်းမွန်မွန်ဖန်တီးထားနိုင်ခဲ့ပါတယ်။

အိမ်သာစတဲ့ စွန့်ပစ်အညစ်အညေးတွေကနေထွက်ပေါ်လာတဲ့အနံ့အသက်တွေဟာ တကယ့်ကို အင်အားပြင်းတဲ့ အနှောက်အယှက်တွေဖြစ်ပြီး ကမ္ဘာတစ်လွှားမှာ အဆိုပါပြဿနာနဲ့ရင််ဆိုင်နေရပါတယ်။

အံဖတ်တွေ၊ ရေပုတ်နဲ့တွေ၊ ကြက်ဥပုတ်န့ံတွေ ၊ ဒီအနံ့ အားလုံးဟာ ရေနှုတ်မြောင်းထဲမှာပဲ စုဝေးရောက်ရှိလာကြတာပါ။ ဒါ့ကြောင့်လဲ ရေနှုတ်မြောင်းတွေ၊ အပေါက်ဖွင့်ထားတဲ့ မြေအောက်ကျင်းတွေနားမှာ နေချင်တဲ့လူများများစားစားမရှိတာပါ။ ဟုတ်ပါ့ဗျာ၊ ဒီလို အန့ံအသက်မကောင်းတဲ့ ရေနှုတ်မြောင်းတွေထဲမှာ နေဖို့ဆိုတာဝေလာဝေးပေါ့။ 

သို့သော်လည်း နေစရာအိမ်မရှိခြင်းက လူတွေကို ဒီလို စိတ်မသတီစရာ နေရာမျိုးမှာ နေဖို့တွန်းအားပေးခံနေရပေမယ့် ဒါဟာ သူတို့အတွက် နေစရာ “အိမ်” ဖြစ်နေသေးတယ်ဆိုတာကို စုံတွဲတစ်တွဲက သက်သေပြလိုက်ပါပြီ။

ဂွယ်ရက်စ်ထရာပိုဟာ ပျက်စီးနေပြီဖြစ်တဲ့ မြေအောက်ပိုက်လိုင်းထဲမှာ သူ့ချစ်ဇနီး၊ ခွေးကလေးနဲ့ အတူနေလာကြတာ အခုဆို နှစ်ပေါင်း ၂၂ နှစ်တောင်ရှိနေပါပြီ။ အဆိုပါ ပိုက်လုံးခေါင်းကိုပြန်လည်ဆန်းသစ်ဖို့ အဆိုပါ ၂၂ နှစ်အတွင်း သူတို့ဘာတွေလုပ်ခဲ့ရသလဲဆိုတာကလဲ တကယ့်ကို မယုံနိုင်စရာပါပဲ။

မီဂွယ်ရဲ့ဇနီးဖြစ်သူ မာရီယာ ဟာ အနွေးဓာတ်ရအောင် မီးလင်းဖိုတစ်ခု၊ အအေးဓာတ်ရအောင် လေပန်ကာတစ်ခုနဲ့ အိပ်ယာတစ်ခုတောင် အဆိုပါ မြေအောက်ပိုက်လုံးခေါင်းထဲကို ထည့်ထားပါသတဲ့။ နောက်ပြီးပျင်းတဲ့အခါကြည့်ရအောင် တီဗီ တစ်လုံးတောင်ထည့်ထားလိုက်ပါသေးသတဲ့။

အဆိုပါ မြေအောက်ပိုက်လုံးခေါင်းဟာ အကျယ် ၃ မီတာသာရှိပြီး၊ အနက် ၂ မီတာနဲ့ အမြင့်က ၁.၄ မီတာသာရှိတာပါ။ သို့ပေမယ့် အဆိုပါနေရာလေးကတော့ သူတို့အတွက် နားခိုစရာနေရာနဲ့ ပြန်လာစရာအိမ်အဖြစ်တည်ရှိလာတာ ဆယ်စုနှစ် ၂ ခုကြာပါပြီ။

မီဂွယ်နဲ့သူ့အမျိုးသမီးတို့ဟာ အိမ်ခြေယာမဲ့တွေဖြစ်ပြီး ကိုလံဘီယာနိုင်ငံ၊ မယ်ဒယ်လင်မြို့ကဖြစ်ပါတယ်။ ဒေသခံအစိုးရကတော့ သူတို့ကိုအဆိုပါ ပိုက်လုံးခေါင်းထဲက ထွက်ခွါဖို့ အချိန်တိုင်းဖိအားပေးနေပေမယ့် သူတို့ကတော့ ပိုနေမြဲကျားနေမြဲပါပဲ။ သတင်းတစ်ချို့မှာဖော်ပြချက်အရတော့ မီဂွယ်ဟာ မူးယစ်ဆေးဝါးစွဲဖူးသူဖြစ်ပြီး ဆေးစွဲမှုကြောင့်သူပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးသွားခဲ့တာလို့ဆိုပါတယ်။

မယ်ဒယ်လင်မြို့ဟာ ကိုလံဘီယာနိုင်ငံမှာ ဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်ပြီး

လူဦးရေ ၂.၇ သန်းရှိပါတယ်။ ဒါ့အပြင် အဆိုပါမြို့ဟာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတွေကြောင့်လဲ နာမည််ကြီးပါသေးတယ်။

source - myanmar post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။