မြန်မာပြည်ရဲ့ နာမည်ကြီး ဒါရိုက်တာစာရင်းဝင်တဲ့ ဒါရိုက်တာဝိုင်းကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စိုးသူနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံတင်ထားပါတယ်။

၀ုိင်းဟာ နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်ခဲ့တဲ့ စိုးသူနဲ့ ရုပ်ရှင်တစ်ကားလောက် ရိုက်ဖို့တိုင်ပင်နေတဲ့အကြောင်းကို အခုလိုပဲ ရေးသားထားပါတယ်။

“ကဲဘော်ဘော်တို့ရေ...မတွေ့ရတာကြာပီဖြစ်တဲ့ကိုပေါက်စနဲ့တခုခုရိုက်ဖို့တိုင်ပင်နေတယ်...ဘယ်လိုသဘောရလဲ...” လို့ ဆိုပါတယ်။

အနုပညာလောကမှာ ကိုယ့်ရဲ့အောင်မြင်မှုကိုယ်စီရှိကြတဲ့ ဒိတ်ဒိတ်ကျဲနှစ်ယောက်ကတော့ အမိုက်စားဖန်တီးမှုတွေနဲ့ ပရိသတ်ကို ချပြဦးမှာဖြစ်ပါတယ်။

ဒါရိုက်တာဝိုင်းဟာ အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကလည်း နှစ်တိုင်းအကယ်ဒမီဆုတွေဆွတ်ခူးနေတာဖြစ်ပါတယ်။

သူသဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေကို တကယ့်ဝါရင့်သရုပ်ဆောင်တွေ ၊နာမည်ကြီးအနုပညာရှင်တွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ 

မင်းသမီးချောဖွေးဖွေးကတော့ သူ့ရဲ့ ဇာတ်ကားတိုင်းမှာ ပင်တိုင် ပါ၀င်သရုပ်ဆောင်လေ့ရှိပါတယ်။ဒါရိုက်တာဝိုင်းမျက်စိကျနေတဲ့ စိုးသူ ဆိုတာလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နိုင်ငံကျော်မင်းသားတစ်လက်ပါပဲ။

တစ်ခေတ်တစ်ခါက သူပါ၀င်တဲ့ ဇာတ်ကားတွေက လူကြိုက်များခဲ့သလို အကယ်ဒမီဆုရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ပြည်ပမှာ မိသားစုနဲ့နေတာကြာပြီး အနုပညာလောကနဲ့အဆက်ပြတ်သွားတဲ့ စိုးသူတစ်ယောက် လက်ရှိမှာတော့ မြန်မာပြည်ပြန်ရောက်နေပြီး အနုပညာအလုပ်တွေပြန်လုပ်တော့မှာပါ။  

Source :WyneCreator

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။