အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေလ်းကို ခေါ်ယူဖို့ ကလပ်အသင်း တချို့က ချိတ်ဆက်မှုတွေပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။အိုဇေလ်းဟာ ယခုနှစ်ဘောလုံးရာသီကုန်ရင် အာဆင်နယ်အသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အိုဇေလ်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့တာလည်းဖြစ်ပါတယ်။အိုဇေလ်းကတော့ အာဆင်နယ်အသင်းနဲ့ စာချူပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားတာလည်းဖြစ်ပါတယ်။

အိုဇေလ်းကို ခေါ်ယူဖို့ ကလပ်အသင်းတွေထဲမှာ မန်ယူအသင်းက ရှေ့ပြေးနေတာလည်းဖြစ်ပါတယ်။မန်ယူနည်းပြ မော်ရင်ဟို က ရီးရဲလ်မက်ဒရစ်အသင်းမှာ အတူလက်တွဲခဲ့တဲ့ တပည့်ဟောင်း အိုဇေလ်းနဲ့ ပြန်လည်လက်တွဲသွားဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ယခုအချိန်မှာတော့ မန်ယူအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းကပါ လှုပ်ရှားလာခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ ဂျာမနီလက်ရွေးစင် အသင်းဖော် ခီဒီယာကြောင့် အိုဇေလ်းကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေတာလည်းဖြစ်ပါတယ်။ 

မန်ယူအသင်းကတော့ အိုဇေလ်းကို ခေါ်ယူဖို့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ စတင် လှုပ်ရှားသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ အိုဇေလ်းကို ခေါ်ယူဖို့အတွက် ပေါင် ၂၅ သန်းနဲ့စတင် ကမ်းလှမ်းသွားမှာလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးကတော့ အိုဇေလ်းကို ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ အတိအလင်းပြောကြားထားတာလည်းဖြစ်ပါတယ်။အိုဇေလ်းရဲ့ အပြောင်းအရွှေ့ကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီလည်းဖြစ်ပါတယ်။ 

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။