ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးတဲ့ “ လင်ကြောက်ရွာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ နန်းမြတ်လေးတစ်ယောက်လဲ ပါပါတယ်။

ကျေးလက်ရွာလေးတစ်ခုမှာ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ပုံကလေးတွေကတော့ မကြာခဏဆိုသလို ပြန်လည်မျှဝေတက်သူ တစ်ယောက်ပါ။

မိဖော့ဆိုဇာတ်ရုပ်နာမည်နဲ့လိုက်ဖက်မှုရှိတဲ့ ပြင်ဆင်မှုအသစ်များနဲ့ သူမပါပဲ။ ထမီတိုတို ဝတ်ကာ သွက်သွက်လက်လက်လေးနဲ့ ချစ်ဖို့ကောင်းတဲ့တောသူမလေး မဖော့ အဖြစ်သရုပ်ဆောင်ထားပါတယ်။

ဒီနေ့မှာတော့ ခမောက်ကလေးတစ်လုံးနဲ့ နဂါးမောက်ခြံတစ်ခုထဲမှာ ပျော်ရွှင်နေတဲ့ သူမပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေထားပါတယ်။

မင်းသမီးတစ်ယောက်ရဲ့ ဂုဏ်ပကာသနတွေကင်းစင်းကာ ချစ်ဖို့ကောင်းနေတဲ့ ရိုးသားတဲ့ တောသူမလေးတစ်ဦးရဲ့ ပုံကလေးတွေကို ပေါ်လွင်စေပါတယ်။

အဆိုပိုင်းမှာလည်း ထူးချွန်တဲ့သူတစ်ယောက်မို့ မိန်းခလေးပရိသတ်အကြိုက် အချစ်သီချင်း ချိုချိုလေးတွေကို သီဆိုထားပါသေးတယ်။

ဆရာဝန်တစ်ဦးဖြစ်ပေမယ့်လည်း သရုပ်ဆောင်အပိုင်းကိုရူးသွပ်တဲ့သူမက ပရိသတ်ကြီး အတွက် အဆက်မပြတ်တဲ့ အနုပညာလှုပ်ရှားမှုနဲ့ အတူ ကြိုးစားလို့နေပါတယ်။

Source – Nann Myat Phyo Thin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။