နှစ်ကိုယ်တူခရီးထွက်ခဲ့တဲ့ သူတို့နှစ်ယောက်

နာမည်ကြီး ထိပ်တန်းတေးသံရှင်တွေဖြစ်တဲ့ အဆိုတော်အောင်လ နှင့် အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့် ကာယကံရှင်တွေဘက်မှ ဝန်ခံခြင်းတော့ မရှိခဲ့ပါဘူး။ ဝိုင်းစုရဲ့ ပဥ္စမမြောက် အယ်ဘမ်တစ်ခုဖြစ်တဲ့ "ဂါ" စီးရီး ပရိုမိုးရှင်းပွဲအနီးမှာ ကောလဟာလတွေထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။

Promotion လုပ်နေချိန်မှာပဲ ဝိုင်းစုဟာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲကြောင်း အသိပေးကြော်ငြာခဲ့သလို အောင်လဟာလည်း သူ့ရဲ့ဇနီးနဲ့ LDRS တွေဖြစ်နေတာမို့ ကွာရှင်းခဲ့တယ်လို့ ဆိုပါတယ်။ ကွာရှင်းပြီးမကြာခင်မှာပဲ အောင်လဟာ Rs အသစ်ရနေပြီဖြစ်ပြီး သေချာရင်ပရိသတ် တွေကို အသိပေးသွားမယ်လို့ ဆိုလာပါတယ်။ တိုက်ဆိုင်စွာပဲ ဝိုင်းစုကလည်း MC ကလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ တစ်ဦးတည်းသောသမီးမို့ တစ်ယောက်တည်းနေသွားမှာ မဟုတ်ဘူး ဆိုပြီး ဖြေကြားသွားတာသိရပါတယ်။ အခုလည်း သူတို့နှစ်ယောက်…………

အခုလည်း သူတို့နှစ်ယောက် ကလောကို အလည်အပတ်သွားခဲ့တယ် ဆိုတဲ့သတင်းနဲ့အတူ ဓာတ်ပုံတွေပါပေါ်ထွက်လာပါတယ်။ အောင်လဟာ သူ့ရဲ့ ဖေ့ဘုတ်မှာ Kalaw Trekking ဆိုတဲ့ Vedio file တစ်ခုတင်ထားတာမို့ ကလောသွားခဲ့တာကတော့ သေချာပါတယ်။ မရှေးမနှောင်းမှာပဲ ဝိုင်းစုနဲ့အတူ ပလောင်ရွာမှာ လက်တွဲပြီးရိုက်ထားတဲ့ပုံတွေ ဒေသခံတွေရဲ့ပြောစကားတွေအရ အောင်လဟာ ဝိုင်းစုနဲ့အတူ ခရီးထွက်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်တိုင် မြင်ခဲ့တာပါလို့ ပြောနေတဲ့ ဒေသခံတွေလည်းရှိနေပြီး ဟိုတယ်မှာ အခန်းယူနေတဲ့ ဓာတ်ပုံတွေပါ online ပေါ်တက်လို့လာပါတယ်။ ဒါပေမယ့်လည်း photoshop လား ဘာလားဆိုတာ မသိနိုင်တဲ့အတွက် သူတို့ကိုယ်တိုင် အတည်ပြုခြင်းမရှိသေးခင်ထိတော့ ဒါဟာအမှန်ပါလို့ မပြောနိုင်သေးပါဘူး ပရိသတ်ကြီးရေ…………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။