မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် ကတော့ ဖက်ရှင်နဲ့ပတ်သက်ရင် ပြောစရာမလိုအောင် စမတ်ကျသူတစ်ယောက်ဖြစ်ပါတယ်။

လက်တလောမှာတော့ ပရိသတ်တွေကြား အူဝဲရဲ့ Chic Magazine ကာဗာရိုက်ကူးပေးထားတဲ့ ပုံရိပ်တွေက လူပြောများနေပါတယ်။

အရွယ်နဲ့မလိုက်အောင် လှပနုပျိုနေဆဲဖြစ်တဲ့ မင်းသမီးချော အူဝဲ တစ်ယောက် ဒီဇိုင်နာဖြိုးကို ချုပ်လုပ်ပေးထားတဲ့ ပန်းရောင်ဂါ၀န်လေး နဲ့ မိတ်ကပ်မေဦးပြင်ဆင်ပေးထားတဲ့ မိတ်ကပ်အပြင်အဆင်လေးကြောင့် တစ်မျိုးလေးလှနေပြန်ပါတယ်။

သူမရဲ့ အဲ့ဒီဖက်ရှင်ပုံရိပ်တွေမှာတော့ အနောက်တိုင်းသူလေးနဲ့ တူအောင် အမြင်မှားသွားစေလောက်တဲ့အထိ ညို့အားပြင်းနေပါတယ်။ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒီနှစ်မှာ အကယ်ဒမီဆု ဆွတ်ခူးနိုင်ချေရှိသလို သူမပါ၀င်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးထွက်ရှိထားပါတယ်။

သူမရဲ့ဖက်ရှင် ၊ အလှအပ ၊ အနုပညာဝါ ကတော့ ယနေ့ခေတ်မင်းသမီးတွေမမှီနိုင်သေးတဲ့ သူမရဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။

သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးရဲ့ ဇနီးချောလေးဖြစ်တဲ့ အူဝဲ ဟာ သားသမီးနှစ်ယောက်မွေးဖွားထားပေမယ့်လည်း အပျိုလေးအတိုင်း လှပသွက်လက်နေဆဲဖြစ်ပါတယ်။အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိနေဆဲဖြစ်တဲ့ အူဝဲ ဟာ ရှိုးပွဲတွေမှာလည်း လျှောက်နေရသလို ကြော်ငြာတွေပါ ရိုက်ကူးနေရဆဲဖြစ်ပါတယ်။ 

ပရိသတ်ကြီးရေ အူဝဲ ကိုကြွေသွားပြီလား။ 

Photos - Model Update

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။