ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးအတွက် အိမ်မှုကိစ္စတွေမှာ တစ်ဖက်တစ်လမ်းကနေ သက်သာစေမယ့် လုံး၀ အမိုက်စား စက်ကလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီစက်ကလေးရဲ့ နာမည်ကတော့ Foldimate ဖြစ်ပြီး ပြီးခဲ့တဲ့ နည်းပညာပြပွဲဖြစ်တဲ့ CESမှာ ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့စဉ်က အမှာစာပေါင်း ၈၀၀၀တောင်ရရှိခဲ့တဲ့ စက်ကလေးလည်း ဖြစ်ပါတယ်။ 

အဆိုပါ အကျီၤခေါက်စက်ကလေးရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၈၉၀ ကျသင့်မှာ ဖြစ်ပြီး အဝတ်လျှော်စက် အရွယ်အစားလောက်ရှိပါတယ်။ Foldimate အဝတ်ခေါက်စက်ကလေးကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ဟာ ဥရောပကုမ္ပဏီ BSH နဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်အကုန်မှာ အကျႌခါက်စက် မောဒယ်သစ်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။ FoldiMate မော်ဒယ်သစ်ဟာ ဒေါ်လာ ၉၈၀ ကျသင့်မှာဖြစ်ပြီး ဒီဇိုင်းပိုင်းကို ပြင်ဆင်ထားပါတယ်။FoldiMate ဟာ ရှပ်အကျႌတွေ၊ ကြယ်သီးတပ်ထားတဲ့ ဘလောက်စ်နဲ့ ဘောင်းဘီတွေအပြင် ကလေးအကျႌတွေကနေ လူကြီးဝတ် XXL အဝတ်အထည်တွေအထိ ခေါက်ပေးနိုင်ပါတယ်။ အဝတ်အထည် အခု ၂၀ ကနေ ၄၀ ကို နှစ်မိနစ်က လေးမိနစ်အတွင်း ခေါက်ပေးနိုင်ပါတယ်

FoldiMate မော်ဒယ်သစ်ဟာ မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွပ်တွေကိုလည်း ခေါက်နိုင်ပါသေးတယ်။ ဒါပေမဲ့ ခြေစွပ်နဲ့ အတွင်းခံတွေကိုတော့ မခေါက်နိုင်သေးပါဘူး။ အရင်တုန်းက ထွက်ရှိခဲ့တဲ့ FoldiMate မော်ဒယ်မှာ ပါဝင်တဲ့ တွန့်ကြေတာတွေကို ဖြန့်ပေးခြင်းနဲ့ ရနံ့ထည့်ပေးခြင်း စတဲ့ add-on တွေပါဝင်ပေမယ့် အခုမော်ဒယ်မှာတော့ ပိုကောင်းတဲ့ folding နည်းပညာကြောင့် အဲ့ဒီ add-on တွေကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ယခုအသစ်ထွက်ရှိထားတဲ့ Foldimate စက်ကို မှာယူဖို့အတွက် အော်ဒါတွေစတင်လက်ခံပေးနေပြီ လို့လည်း သိရပါတယ်။ 

Soruce : Internet Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။