ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူရန် ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။ပြိုင်ဘက် ဘာစီလိုနာအသင်းကတော့ ကော်တင်ဟို ကိုခေါ်ယူပြီး အားဖြည့်ထားခဲ့ပြီလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်နေရာအတွက်ကစားသမား အချို့ကို ရှာဖွေနေတာဖြစ်ပြီး လက်ရှိမှာတော့ အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်ကစားသမား တစ်ဦးကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်း ခေါ်ယူရန်ချိတ်ဆက်လာခဲ့တဲ့သူကတော့ ကိုကီ ပဲဖြစ်ပါတယ်။အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုကီ ကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မျက်စိကျနေတာလည်းဖြစ်ပါတယ်။ကိုကီ ဟာ အက်သလက်တီကို အသင်းနဲ့ စာချူပ် သက်တမ်း ၆ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။အက်သလက်တီကို အသင်းကတော့ သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးရရင်တော့ ကိုကီ ကို လက်လွှတ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

ဒါပေမဲ့ ကိုကီ ကတော့ အက်သလက်တီကို အသင်းမှာပဲ ဆက်လက်ကစားဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ကိုကီ ဟာ သူရဲ့ ကစားသမားဘဝကို အက်သလက်တီကို အသင်း နဲ့စတင်ခဲ့ပြီး အက်သလက်တီကို တစ်သင်းမှာသာကစားနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုကီ ကို ခေါ်ယူဖို့အတွက် ပေါင် ၆၃ သန်းလောက် အသုံးပြုသွားရမှာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူသွားမှာလားဆိုတာတော့ စောင့်ကြည့်သွားရမယ်ဗျာ။

source - the sun football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။