ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဆုအိမ့်စံ ကိုယ်တိုင် အသုံးပြုနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်နဲ့ အကောင့်ကတော့ ယနေ့ ဇန်နဝါရီ (၉)ရက်နေ့ မနက်ခင်းပိုင်းမှာ အဟက်ခံလိုက်ရပါတယ်..။

သူမရဲ့ ပေ့ချ်နဲ့ အကောင့်ကို ပြီးခဲ့တဲ့ လပိုင်းလောက်က အနုပညာရှင်တွေရဲ့ အကောင့်တွေကို ဟက်လို့ လှုမှုကွန်ယက်ပေးမှာ ရေပန်းစားခဲ့တဲ့ M4L ဟက်ကာအဖွဲ့က ဖြစ်ပါတယ်..။

ယနေ့ ဇန်နဝါရီ (၉)ရက်နေ့မှာ သူတို့အဖွဲ့ဟက်က မင်းသမီး ဆုအိမ့်စံရဲ့ အကောင့်နဲ့ ပေ့ချ်ကို ဟက်လိုက်တဲ့အကြောင်းကို သူမရဲ့ ပေ့ချ်နဲ့ အကောင့်မှာ သူတို့ရဲ့ Logo ကို Coverphoto ချိန်းထားတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ဆုအိမ့်စံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောတစ်လက်လည်း ဖြစ်ပါတယ်..။

မင်းသမီး ဆုအိမ့်စံရဲ့ သူမကိုယ်တိုင် အသုံးပြုတဲ့ ဖေ့စ်ဘွတ် အကောင့်ဟာ ပရိသတ် Follow (၃)သိန်းကျော် ရှိပြီး ဖေ့စ်ဘွတ်ပေ့ချ်ကတော့ Like အရေအတွက် (၂) သိန်းကျော်ရှိတာ ဖြစ်ပါတယ်..။

လတ်တလောမှာတော့ သူမရဲ့ အကောင့် အဟက်ခံရမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြန်လည် တုန့်ပြန်ထားခြင်းတော့ မရှိသေးပါဘူး..

M4L ဟက်ကာ အဖွဲ့ကတော့ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်နဲ့ ဖွေးဖွေးရဲ့ ဖေ့စ်ဘွတ် အကောင့်နဲ့ ပေ့ချ်တို့ကိုလည်း ဟက်ခဲ့ပါသေးတယ်..။

ယနေ့ မနက်မှာတော့ မင်းသမီးချောလေး ဆုအိမ့်စံကရဲ့ ဖေ့စ်ဘွတ် ပေ့ချ်နဲ့ အကောင့်တို့ကို ဟက်ထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ဆုအိမ့်စံကတော့ ယောင်္ကျားလေး ပရိသတ်တွေအပြင် မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားပြီး လတ်တလောမှာလည်း အနုပညာလောကမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်..။

သူမရဲ့ လက်ရှိ အချစ်ရေးကလည်း ချစ်သူ မင်းသားချောလေး သူရိယနဲ့ အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Source - ဆုအိမ့်စံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။